ဘူဆန်ကမ်းခြေမှာ နတ်သမီးလေးတစ်ပါးလိုကိုယ်ရောင်ကိုယ်ဝါတောက်ပနေတဲ့ ရွှေကစ်




unicode

ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အသည်းထဲထိနေရာယူထားတဲ့သူကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်ဖြစ်သလို ပရိတ်သတ်တွေရဲ့ချစ်ခြင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ မျက်နှာလေးက ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးဘဲ ဖြစ်ပါတယ် ။

ရွှေကစ်လေးဟာ ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ” Asia Model Award ” ဆုပေးပွဲကြီးမှာ Asia special Award ဆုကြီးကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာလည်း ကိုရီးယားမင်းသားချောလေးဖြစ်တဲ့ Ryu Sang နဲ့အတူ ” တိမ်တွေပေါ်က ပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးဟာ ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ်ရိုက်ကူးထားတာပဲ ဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။  

ရွှေကစ်လေးဟာ ဒီဇာတ်ကားရိုက်ကူးရန်အတွက် ကိုရီးယားမှာ နှစ်ပတ်ခန့်နေထိုင်သွားမှာပဲ ဖြစ်ပြီး လက်ရှိမှာလည်း ဘူဆန်ကမ်းခြေကိုရောက်ရှိနေပြီး ရိုက်ကူးရေးတွေစတင်နေပြီပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူမရဲ့ ကမ်းခြေဖက်ရှင်အမိုက်စားလေးနဲ့ ပုံရိပ်လေးတစ်ခုကို သူမရဲ့ Instagram လူမှုကွန်ယက်မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေကစ်လေးရဲ့ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Wutt Hmone Shwe Yi 

Facebook Comments

admin

error: Content is protected !!