မြန်မာစာနဲ့ ကျောင်းမှာ ထူးချွန်ဆုရခဲ့တဲ့ R ဇာနည်ရဲ့ သားလေး ဖစ်ဖစ်တုန်

R ဇာနည်ရဲ့ သားအကြီးလေး ဖစ်ဖစ်တုန်လေးက ကျောင်းမှာ မြန်မာစာနဲ့ ထူးချွန်ဆုရခဲ့တယ်တဲ့။ ဖေဖေကတော့ သားလေးအတွက် ဂုဏ်ယူလို့နေပါတယ်။

အဆိုတော် R ဇာနည်ရဲ့ သားအကြီးဆုံး ဖြစ်တဲ့ ဖစ်ဖစ်တုန်လေးက ကျောင်းမှာ မြန်မာစာနဲ့ ထူးချွန်ဆုရခဲ့တယ်လို့ သိရပါတယ်။ R ဇာနည်ကတော့ သားကြီးလေးအတွက် ဂုဏ်ယူလို့နေပါတယ်။

“ဆုတွေတော့ အများကြီးပေးပါတယ်။မြန်မာစာ၊ သင်္ချာ၊ အင်္ဂလိပ်၊ Science ၊ Teamwork ၊Network values Topic ၊ Art၊ Music ၊PE ၊အဲ့ထဲကမှ မြန်မာစာ နဲ့ ဆုရတာပါI love you သားကြီး” ဆိုပြီး ဇွန်လ(၁၂) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဖစ်ဖစ်တုန်(ခ) ဉာဏ်ဘုန်းဇာနည်က အသက်(၈)နှစ်ကျော် (၉)နှစ်အရွယ်ရောက်နေပြီလို့ သိရပါတယ်။ သားသားကတော့ ပညာရေးမှာ ထူးချွန်သလို အနုပညာကိုလည် ဝါသနာပါတာ တွေ့ရပါတယ်။ ဖစ်ဖစ်တုန်ဟာ ညီလေးကိုလည်း အရမ်းချစ် အရမ်းဂရုစိုက်တတ်သူပါ။ အဆိုတော် အာဇာနည်ကလည်း လက်ရှိမှာ မိသားစုကို အချိန်ပေးရင် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် မော်ဒယ် ဝမ်း တို့ဟာ ဒီနေ့(အောက်တိုဘာလ ၂၇ရက်နေ့)မှာပဲ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီ လို့ သိရပါတယ်။ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာကျောင်းက သံဃာတော်များကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပဲ အသက် ၁ နှစ်ပြည့် ခဲ့ပြီဖြစ်ပါတယ်။ အာဇာနည် ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားကြီးလေးဖစ်ဖစ်တုန် ကတော့ အခုဆိုရင် ၉ နှစ်ကျော် အရွယ်ရှိနေပြီဖြစ်ပါတယ်။

Source ; Cele Yatkwat

Facebook Comments

admin

error: Content is protected !!