C Ronaldo လက်မှတ် နဲ့ ဘောလုံးပုံ ဆုတံဆိပ်ရခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရတဲ့ မောင်ကျော်လင်းသန်း



Unicode

“Clear Men” ရဲ့ Global Ambassador စီရော်နယ်ဒို (Cristiano Ronaldo) က အောင်မြင်မှုရရှိခဲ့တဲ့ လူငယ်တွေကို ခွန်အားဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လက်မှတ်ထိုးပေးထားတဲ့ ဆုတံဆိပ်ကို ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိခဲ့သူ၊ မောင်ကျော်လင်းသန်း (The Whole Burma First) အား Surprise Gift လက်ဆောင်အဖြစ် CLEAR Men Myanmar မှ ဒီကနေ့ ဇွန်လ (၁၂) ရက်နေ့တွင် ပေးအပ်ခဲ့ပါတယ်။

“ရော်နယ်ဒို ကို MANCHESTAR United မှာ စကစားတဲ့ အချိန် ကတည်းက ကြိုက်တာပါ။ ရောက်တဲ့ နေရာတိုင်းမှာ အောင်မြင်မှုရအောင် လုပ်နိုင်လို့ လေးစား အားကျမိတယ်။ ကျွန်တော့် ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီအချိန်လေးကို အမြဲ အမှတ်ရနေမှာပါ” လို့ မောင်ကျော်လင်းသန်း က ဝမ်းသာစကား ပြောခဲ့ပါတယ်။

Photo Source : Myanmar Celebrity

Facebook Comments

admin

error: Content is protected !!