တစ်ဘဝလုံးစာလက်တွဲဖော်အဖြစ် ရွေးချယ်ချင်ရလောက်အောင် တစ်မိသားစုလုံးစာချက်ပြုတ်ပေးခဲ့တဲ့ စည်ဖြိုးရဲ့ ချစ်သူ

Last modified date

စည်ဖြိုးဟာ ပရိသတ်တွေ ချစ်ကြတဲ့မင်းသားတစ်လက်ဖြစ်ပြီး ဘယ်လိုနေရာဘယ်လိုဇာတ်ရုပ်ကိုမဆို တာဝန်ကျေအောင် သရုပ်ဆောင်တတ်တဲ့မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ ပရဟိတ်လုပ်ငန်းတွေလည်း အမြဲလုပ်ဆောင်တတ်သူဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်တွေအပေါ် အလေးထားပြီး ဟိတ်ဟန်မရှိဘဲ ပွင်းလင်းတဲ့ မင်းသားတစ်ဦးဆိုလည်းမမှားပါဘူးနော်။လတ်တလောမှာတော့ စည်ဖြိုးဟာ အလင်းနဲ့ လူ ” အက်ရှင်ဇာတ်လမ်းတွဲမှာ ဘုန်းကြီးလူထွက် လက်ဝှေ့သမားတစ်ဦး အဖြစ် ပါဝင်နေတာဖြစ်ပြီး အဲ့ဇာတ်ရုပ်ကို ပီပြင်အောင် လနဲ့ ချီပြီး ကိုယ်ခံပညာနဲ့ လက်ဝှေ့ပညာကို သင်ယူခဲ့ပြီး အကောင်းဆုံး ကြိုးစားခဲ့တယ်လို့သိရပါတယ်။

ဒီနေ့မနက်မှာတော့ စည်ဖြိုးရဲ့ချစ်သူကောင်မလေး ခင်လွှမ်းက စည်ဖြိုးတို့တစ်အိမ်သားလုံး အတွက်မနက် (၅) နာရီလောက်ကတည်းက ဈေးသွားပြီး တစ်အိမ်လုံးအတွက် အစားအသောက်တွေကို ချက်ပြုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အားတဲ့အချိန်တိုင်းလည်း တစ်ပါတ်တစ်ခါ အိမ်သားတွေအားလုံးအတွက် ချက်ကျွေးမယ်လို့ ပြောပြခဲ့ပါတယ်။ စည်ဖြိုးကတော့ ဒါဟာ Surprise ပါပဲတဲ့ ။ အာ့လို အိမ်ရှင်မပီပီ ချက်ပြုတ်တတ်တဲ့ သူမကိုပဲရွေးချယ်သင့်တယ်လို့လည်း ပြောထားပါသေးတယ်တဲ့နော်။ ” ဒီနေ့ မနက်( ၅.၃၀) ထသူကိုယ်တိုင်ဈေးသွားပြီး သူကိုယ်တိုင် တစ်အိမ်လုံးအတွက် ချက်ပေးထားတာလေးတွေတဲ့ ။ စပရိုက်စ်ပါပဲ။ နောက်ပိုင်းအားရင် တစ်ပါတ်တစ်ခါတစ်အိမ်လုံးတွက် လုပ်ပေးသွားမယ်။သူ့ကိုစဉ်းစားရွေးချယ်ပေးတော့တဲ့။ အမယ် love u ပါဗျာ။ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ချစ်သူလေးကိုပိုင်ဆိုင်ထားတဲ့ စည်ဖြိုးအတွက်ကတော့ ဂုဏ်ယူစရာပါပဲနော်။ ပရိသတ်ကြီးရော စည်ဖြိုးတို့ချစ်သူစုံတွဲ ကို အားပေးရင် တစ်ခုခု မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Si Phyo

Facebook Comments

admin

error: Content is protected !!