ကိုရီးယားမှာ ရိုက်ကူးရေးပြီးလို့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲနေတဲ့ ဝတ်မှုံရွှေရည် ရဲ့ ဗီဒီယို

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လတ်တလောမှာလည်း ကိုရီးယား – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ထို ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးဖို့အတွက် ဝတ်မှုံရွှေရည်က သူမရဲ့ မိခင်နဲ့အတူတူ ကိုရိးယားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကိုရီးယားမှာ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေကို အကုန်ရိုက်ကူးပြီးခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်၊ ဇင်ယော်မောင်မောင်နဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက ရိုက်ကူးရေးပြီးလို့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတဲ့ မြင်ကွင်းလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ကိုရီးယားမင်းသားလေး Ryu Sang Wook ကိုယ်တိုင် အသားတွေကင်နေတာနော်

ဒါရိုက်တာကြီး ဇင်ယော်မောင်မောင်နဲ့အတူတူ

လက်ထောက်ဒါရိုက်တာ မင်းသန့်မောင်မောင်နဲ့အတူတူ

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကိုရီးယားမှာ ရိုက်ကူးပြီးပြီဆိုပေမယ့် ကျန်ရှိသေးတဲ့ ဇာတ်ဝင်ခန်းတွေကို မြန်မာနိုင်ငံမှာ ဆက်လက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင် ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။

Source : momolay

Facebook Comments

admin

error: Content is protected !!