တစ်ချိန်က အရမ်းဝခဲ့တဲ့ မောင်လေး ရဲ့ ကြိုးစားမှုကို ချီးကျူးစကားဆိုလိုက်တဲ့ မိုးယုစံ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ မိုးယုစံ ရဲ့ မောင်လေး ဖြစ်သူ ဆန်းလင်း ထွန်းက ယခင်ကအရမ်းကိုဝလွန်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ အဝလွန်သူများ ယှဉ်ပြိုင်ရတဲ့ Lose2Win with Andy ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ပြီး ဝိတ်ချခဲ့ရာမှ ဝိတ်အချနိုင်ဆုံး Winner ဆုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် မိုးယုစံ က ဝိတ်ကျသွားတဲ့ မောင်လေး ဆန်းလင်းထွန်း ကို ချီးကျူးစကားဆိုလိုက်တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မိုးယု ရဲ့ မောင်လေးက အရမ်းဝနေခဲ့ပြီး Lose 2 Win with Andy ပြိုင်ပွဲ မှာ Training 5 လ နဲ့ ဝိတ်အကျ နိုင်ဆုံး ဆုကို ရရှိခဲ့တာပါ။ ခုဆိုရင် မိုးယုရဲ့ မောင်လေး ဆန်းလင်းထွန်းက 301.2 ပေါင်ကနေ 159.4ထိကျသွားပြီး လုံးဝအမိုက်စား Body ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

မိုးယုက သူမရဲ့ မောင်လေးရဲ့ အရင်က ပုံလေးတွေနဲ့ ပတ်သက်ပြီး ” ဝတုန်းကချစ်ဖို့ကောင်းတယ် ပိန်သွားတော့ချောတယ် ကြိုးစားမှုက အံမခမ်းပဲ ” ခုလို ပဲပြောထားပါတယ်။

မိုးယုက ဝိတ်ကျသွားတဲ့ မောင်လေးအတွက် အရမ်းကို ဝမ်းသာအားရဖြစ်နေပြီး ချောမောလှပပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားတဲ့ မောင်လေး အတွက် ဂုဏ်ယူနေတာပါ။

မိုးယု နဲ့ မောင်လေး ဆန်းလင်းထွန်း တို့ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် မိုးယုစံရဲ့ မောင်လေး ဖြစ်သူ ဆန်းလင်းထွန်းတို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!