မလိုအပ်ပဲ ယူသူများကြောင့် မန္တလေးမြို့ ကျုံးအရှေ့ဘက်တွင်ထားရှိထားသော Food Box အတွင်းမှ မုန့်များ နှစ်မိနစ်အတွင်းမှာပင် ကုန်ဆုံး

မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ *၂၃ လမ်းကြားမှာ မည်သူမဆိုအခမဲ့စားသုံးနိုင်တဲ့ Food Box ကို One to One ပြည်သူကူညီရေးပရဟိတအဖွဲ့က စီစဉ်ထားရှိပေးထားတာဖြစ်ပါတယ်။ ဆာလောင်မွတ်သိပ်နေသူတွေအတွက်ရည်ရွယ်ပြီး သောက်ရေသန့်တွေနဲ့ အဆာပြေမုန့်တွေကို ထည့်ထားပေးတဲ့ Food Box ကို လူအတော်များများစိတ်ဝင်စားခဲ့ကြပါတယ်။


Food Box ထဲ မုန့်များ လာရောက်လှူဒါန်းနေသူများ

င်္Food Box ထဲတွင်လည်း လူမျိုးဘာသာမရွေးစားသုံးနိုင်ဖို့ရည်ရွယ်ထည့်သွင်းပေးထားပြီး အလှူရှင်များလည်း လာရောက်လှူဒါန်းနေကြတာကိုတွေ့ရမှာပါ။


လာရောက်လှူဒါန်းသူများ

ထို Food Box ထားရှိပြီးနောက် လာရောက်စားသုံးသူတွေများပြားခဲ့ပြီး Food Box အတွင်းမှ အစားအသောက်များ မိနစ်ပိုင်းအတွင်းမှာပဲ ကုန်ခဲ့တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ဗီဒီယိုတွေ ပျံ့နှံ့နေတာဖြစ်ပါတယ်။

Video ကြည့်ရန်

Source-Chit Yin Htoo

Facebook Comments

admin

error: Content is protected !!