ရွှေပေါက္ကံ က အသက် ၁ နှစ် ၈ လ သမီးလေး Garce ရဲ့ လိင်အကြမ်းဖက်ခံရမှု မျက်ရည်များနဲ့ရေးတဲ့စာ

Last modified date

ဒီသမီးလေးကိုလဲ တက်နိုင်သလောက် အကူအညီတွေပေးကြပါဦးလို့ တောင်းဆိုပါတယ်ခင်ဗျာ..

မျက်ရည်များနဲ့ရေးတဲ့စာ

ဒီနေ့ ကလေးလေးအိမ် တို့ admin team ကညီအစ်မတတွေ သွားကြတယ်။ ကလေးလေးနဲ့ ကလေးလေးမေမေကိုအားပေးဖို့ရယ် ကလေးလေးအတွက် အထောက်အကူရဖို့ တုနှိုင်းမဲ့ရတနာလေးတို့ရဲ့ မေမေတွေ စုလှူထားတဲ့ ငွေကိုပေးဖို့သွားကြတာ။

ဆေးရုံသွားတုန်းက မယောင်မလည် တိုးတိုးတိတ်တိတ်သွားကြည့်ရတော့ ဒီလောက် စကားအများကြီးလည်းမပြောဖြစ်ကြဘူး။ အိပ်ယာပေါ်မှာလှဲနေတဲ့ ကလေးကို ပိုက်တန်းလန်းနဲ့ပဲ မြင်ခဲ့တာ။ စောင်ခြုံထားတာ လှန်တောင်ကြည့်ခွင့်မရှိလို့ မကြည့်ခဲ့ပါဘူး။ ဖုန်းထဲကနေ စကားပြောကြတော့လည်း ကလေးအမေချင်းချင်းမို့ အလုပ်များနေသလားဆိုပြီး လိုရင်းပြော ဖုန်းချလိုက်တာလေ။

ဒီနေ့မှ သေချာစကားပြော ကလေးလေးကိုလည်း သေချာကြည့်ရတော့တယ်။ ဖြစ်ကြောင်းကုန်စင်ကိုလည်း နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်။ ကလေးလေးရဲ့ ကိုယ်တွင်းကိုယ်ပြင်ဒဏ်ရာ စိတ်ဒဏ်ရာတွေကို အသေအချာမြင်လိုက်ရတော့ ရင်ထဲမချိဘူး။ ကလေးရှေ့မှာမို ငိုချင်စိတ်ဆို ထိန်းပြီး ဟန်ဆောင်နေရတယ်။

အော်
တို့တွေတောင် ဒီလောက်ခံစားရရင် ကလေးအမေဆို ရင်နဲ့မဆန့်ခံစားရရှာမှာပေါ့။

အစ်မတို့ရောက်တော့ ကလေးလေးအိပ်နေတယ်။

သူ့အမေကို ပိုက်ဆံပေး စကားပြောနေတုန်း ကလေးလေးနိုးလာတော့ အမေဖြစ်သူကကောက်ချီထားပြီး စကားဆက်ပြောကြတယ်။

ဗိုက်ကချုပ်ရိုးလေး အနာမကျက်ဘူးလား မသိဘူး ဆိုပြီး ကလေးဒဏ်ရာလေးပြပါတယ်။

အစ်မစိတ်ထဲ ဆီးဝမ်းအတွက် ဗိုက်က အပေါက်ဖောက်ထားလို့ ပြန်ချုပ်ရတယ် ချုပ်ရိုးသေးသေးလေး ဖြစ်မယ်ထင်တာ။ တွေ့ရတော့ အစ်မတို့ ကလေးဗိုက်ခွဲမွေးသလို ဆီးခုံအောက် တောက်လျှောက်ချုပ်ထားရရှာတာဘဲ။

ဘာလို့ အဲ့လောက်တောင် ချုပ်ရတာလဲ မေးကြည့်တော့

အတွင်းထိ ချုပ်ရတယ် ပြောတယ်တဲ့

ဒါဆို ဆီးအိမ် ဒါမှမဟုတ် သားအိမ်ကွဲလို့ ချုပ်ရတာပေါ့။ အိုး သမီးလေးရယ်။

ကလေးတကိုယ်လုံးလည်း ခြင်တွေ ဖြုတ်တွေ အကောင်ပလောင်တွေကိုက်ထားတဲ့ ဒဏ်ရာတွေနဲ့။ ဟိုနေ့က ဆေးရုံသွားကြည့်တော့ ခေါင်းအုံးပေါ် မျက်နှာလေးဝှက်ပြီး ကြောက်နေလို့ သေချာမမြင်ရခဲ့ဘူး။ ခုမှ ကြည့်တော့ မျက်နှာမှာလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့ပါလား ကလေးလေးရယ်။

မနေနိုင်လို့
ဟယ် ဒဏ်ရာတွေနဲ့ပါလား ပြောမိတော့
ကလေးအမေက

ပျောက်သွားတာ ည ၁၂ နာရီကတည်းက နောက်တနေ့ နေ့လည်လောက်မှ ပြန်တွေ့တာအစ်မရယ်။ ပြန်တွေ့တော့လည်း ခြုံထဲမှာ ဘောင်းဘီလည်းမရှိဘူး။ ရွံ့တွေ ချီးတွေ သွေးတွေနဲ့။ ။ ညီမလည်း ရေးချိုးပေးရတာပေါ့။ လူတွေက ဝိုင်းကြည့်နေတော့ ညီမလည်း သွေးတစက်စက် ကျနေတာမြင်ပေမယ့် ဖြဲမကြည့်ရဲဘူး။ ဒါနဲ့ဆေးခန်းပြေးပြရတယ်။ ဆရာဝန်က ရန်ကင်းဆေးရုံပို့ဆိုတော့ ပို့လိုက်ရတယ်။ အဲ့လူက ကလေးပါးစပ်ကို ပလာစတာနဲ့ပိတ်ထားတယ်ထင်တယ်။ တွေ့တော့ ကလေးပါးစပ်မှာ ပလာစတာကပ်ရာတွေနဲ့။ ကြည့်ရတာ ကလေးသတိလစ်သွားတော့ သေပြီထင်ပြီး ပစ်ထားခဲ့တာထင်တယ်။

အဲ့လိုပြောနေချိန်မှာ ကလေးလေးက သူ့အမေပါးစပ်ကို သူ့ပါးလေးနဲ့ ဖိပြီး မပြောဖို့တားတယ်။ သူသိနေတယ်။ သူ ဒီအကြောင်းတွေကို ထပ်မကြားချင်တော့ဘူး။

ဒါနဲ့ အစ်မတို့လည်း အကြောင်းအရာ ပြောင်းပြောကြသေးတယ်။

အဲ့လူက ရုံးချိန်မှာ တွေ့တော့်ထောင်ကထွက်လာရင် နင်တို့တမိသားစုလုံး သတ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း ကလေးအမေက ပြောတယ်။

ဟယ် လူပါးဝလိုက်တာ။ ဒင်းထောင်ကမထွက်ရပါစေနဲ့။

ဒါလိုနဲ့ ပြောရင်းအစ်မတို့က ဒီလူမှန်းဘယ်လိုသိလဲ မေးကြည့်တော့
အဲ့နေ့ညနဲ့ အဲ့လူအကြောင်းတွေပြောဖြစ်ကြပြန်တာပေါ့။

အမရယ် ကလေးကို သေပြီဆိုပြီးသူက ခြုံထဲပစ်ထားပြီး သူအခန်းမှာသူပြန်နေတာ။ ကလေးကို နတ်စောင့်လို့သာ မသေတာ။ အဲ့ညက မိုးတွေလည်းရွာနေတာလေ။

အဲ့ခါမှာ ကလေးလေးက သူ့အမေပါးစပ်ကိုလှမ်းပိတ်ပြန်တယ်။ တိုးတိုးလေးး မပီကလာလေးပြောရှာတယ်။ မပြောနဲ့တဲ့

ဘယ်လိုမှ ရင်ထဲ မချိတော့ဘူး။ ဆက်ပြောနေဖို့ အင်အားမရှိတော့ဘူး။ ဒါနဲ့

ပြန်တော့မယ်ညီမရယ်။ အမကို အဖြေတခုတော့ ပေးပါဦး။ ခုဆို ညီမတို့သားမိကို ကူညီချင်သူတွေ အများကြီးရှိပါတယ်။ အနုပညာရှင်တွေရော cele တွေရောကပေါ့။ အဲ့ဒါ ညီမဖုန်းနံပါတ်ပေးလိုက်ရမလား မေးတော့

အစ်မသဘောပါ။ အစ်မပဲ အခြေအနေကို ကြည့်စီစဉ်ပေးပါတဲ့

ဟဲ့။ အဲ့လိုကြီးတော့မလုပ်ပါနဲ့ ညီမဟာ ညီမ စဉ်းစားပြီး သေချာပြောပါ ဆိုတော့။

သူခဏစဉ်းစားပြီး

အစ်မရယ် သမီးလေးက တစိမ်းယောက်ျားဆို လုံးဝကြောက်နေပြီ။ နောက်ပြီး ညီမတို့က ခု ဘယ်သူမှ မသိတဲ့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းလာပြီ။ ညီမတို့ဆီကို တရုန်းရုန်းနဲ့ လာကြရင် ပတ်ဝန်းကျင်သတိထားမိတော့မယ်နော်။

အေး ဒါလည်းဟုတ်တာပဲ။

နောက်တခုရှိတာက လာတဲ့လူတွေကအကျိုးအကြောင်းမေးကြမယ်။ အဲ့ခါ သမီးလေးရှေ့ထားပြီး ဒီအကြောင်းထပ်ပြောရမယ်။ ကြာလာတော့ သမီးလေးမှတ်ဥာဏ်ထဲ ဒီအကြောင်းကို မမေ့အောင် ခဏခဏ ပြောသလိုများ ဖြစ်လာမလားလို့

ဟုတ်တယ် ညီမ ခုတောင် ကလေးက အဲ့လူ အဲ့ဒီညက ဆိုတဲ့ အသံကြားတာတောင် ပါးစပ်လိုက်လိုက်ပိတ်နေတာ။ သူလည်း ကြားတိုင်း သတိရရသွားပြီး ခံစားရရှာမှာပေါ့။

ဒါဆို ဒီလိုလုပ်ရအောင် အစ်မတို့ ညီမတို့ သားမိရှေ့ကနေကာကွယ်ပြီး ကူညီပေးမယ်။ ဟိုလူကိုလည်း အပြစ်ဒဏ်ကြီးကြီး ခံရအောင် ဘယ်လိုလုပ်ရမလဲလို့ ရှေ့နေတွေကို အကူအညီတောင်းမယ်။ နောက်ဆုံး တရားရုံးလိုက်ပြီး အင်အားပြဆို မေမေတွေ ရုံးချိန်းလာပြီး အင်အားပြမယ်ညီမ။

အားပေးပြောဆိုပြီး ပြန်လာတဲ့လမ်းတလျှောက် admin တွေတိုင်ပင်ကြတယ်။ Admin team က မကြည်ပြာရဲ့ ကိတ်ဆိုင်ဝင်ထိုင် တိုင်ပင်ရင်း ငိုတဲ့သူငို ဒေါသထွက် အံတကြိတ်ကြိတ်နဲ့ လူယုတ်မာ အသေဆိုးနဲ့ သေပါစေလို့ ကြိမ်ဆဲသူက ကြိမ်ဆဲကြရင်း ဆုံးဖြတ်ချက်ချလိုက်တာက ဒီကလေးလေးကို အစ်မတို့ Group ကနေ ရေဆုံးရေဖျားကူညီမယ် ဆိုတာပါပဲ။

Group က member ဝင်များမှလည်း ဥပဒေကြောင်းအရ ကူညီနိုင်မယ့်သူရှိရင် ကူညီအကြံပေးကြပါလို့။ အလှူငွေကောက်ပြီး နောက်အပတ်မှာလည်း သွားပေးပေးပါ့မယ်နော်။
လှူရမယ့် bank acc နံပါတ်တွေလည်း တင်ပေးထားပါတယ်။
KBZ
99930723600047501
Ma Thandar Myo

AGT
0161240000501
Ma Thandar Myo

KPAY
095670367
Ma Thandar Myo

CB
006360010004317
Daw Kyi Pyar Linn

AYA
0093201010011305
Ma Myat Su Mon

? လိင်မတရားကျင့်ခံရတဲ့ ကလေးတိုင်းဟာ ကျွန်တော်တို့ ကလေးတွေပါ။
? လိင်မတရားကျင့်ခံရတဲ့ ကလေးတွေရဲ့ မိဘတိုင်းဟာ ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။
? ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်တဲ့ လူ့အဖွဲ့အစည်းတခုရအောင် ကြိုးစားကြပါစို့။

#JusticeForVictoria
#ToPromotetheRuleofLaw
#StopChildSexAbuseInMyanmar

ရွှေပေါက္ကံမြို့နယ်တွင်အသက်နှစ်နှစ်မပြည့်သေးသူကလေးကို သားမယားပြုကျင့်ခဲ့သူအား သက်ဆိုင်ရာက ဇွန် ၁၆ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။

ဇွန် ၁၅ ရက်ည ၁၂ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့နယ်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့်အတူ ဘုန်းကြီးကျောင်းလမ်းရှိမော်ကျွန်းကျောင်းဝင်းအတွင်း ရေသန့်ဗူးများဆေးကြောနေစဉ် အသက်လေး နှစ်အရွယ်သားဖြစ်သူနှင့် အသက်တစ်နှစ်ကိုးလအရွယ် သမီးဖြစ်သူတို့ကို ကျောင်းတိုက်ရှိ ရုံးခန်းတွင် အိပ်စေခဲ့သည်။

အလုပ်လုပ်သည့်နေရာနှင့် ကလေးငယ်နှစ် ဦးအိပ်နေသည့် နေရာမှာ ပေ ၈၀ ခန့်ကွာဝေးပြီး နံနက် ၁ နာရီခွဲတွင် အလုပ်ပြီးဆုံးသဖြင့် ဇနီးဖြစ်သူနှင့် အတူ ကလေးငယ်များအိပ်နေသည့် ရုံးခန်းသို့ သွားကြည့်ရာ သမီးဖြစ်သူပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် ကျောင်းတိုက်အတွင်း လိုက်လံရှာဖွေခဲ့သည်။

မော်ကျွန်းဘုန်းကြီးကျောင်း အရှေ့ဘက် ကိုက် ၁၅၀ ခန့်အကွာကိုင်းတောအတွင်း ကလေးငယ်တစ်ဦးကို မတ်တပ်ရပ်လျက်တွေ့ရှိကြောင်း

နံနက် ၉ နာရီခွဲခန့်တွင် သတင်းရရှိသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ သမီးဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

သမီးငယ်၏ခန္ဓာကိုယ်တွင် ခြင်နှင့်ဖြုတ်များကိုက်ထားသဖြင့် ရန်ကင်းကလေးဆေးရုံသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးခဲ့ရာ ကလေးငယ်တွင် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိကြောင်း ဆရာဝန်ကြီးများက ပြောပြသဖြင့် မိဘနှစ်ဦးက သိရှိခဲ့သည်။

ပစ္ဆိမာရုံကျောင်းတိုက်မှ ကိုရင်ကြီး(ခ) ဉူးဥတ္တရက သမီးဖြစ်သူကို ကျောင်းဝင်းပြင်ပသို့ နေ့စဉ်၎/၅ ကြိမ်ခန့် ခေါ်ယူသွားတတ်ကြောင်း၊ပြီးခဲ့သည့် ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကိုရင်ကြီး (ခ) ဉူးဥတ္တရက သမီးငယ်ကိုကျောင်းဝင်းပြင်ပသို့ ခေါ်ယူသွားပြီး ပြန်လာစဉ် မိန်းမကိုယ်တွင်း၌ပွန်းပဲ့နေသည်ကိုတွေ့ရပြီး သမီးဖြစ်သူမှာ ဆီးသွားသည့် အခါတိုင်းငိုနေသည်ကို သတိထားမိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆရာဝန်ကြီးများ၏ စစ်ဆေးပေါ်ပေါက်ချက်၊ ကြုံတွေ့နေရသည့် ဖြစ်စဉ်များအရ သမီးဖြစ်သူကို အဓမ္မပြုကျင့်သူ ကိုရင်ကြီး(ခ) ဉူးဥတ္တရ(ခ) ဇေယျာလင်း (၃၉ နှစ်) ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ရွှေပေါက္ကံမြို့မရဲစခန်းက (ပ) ၅၉၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့် ကာ ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး(ခ) ဉူးဥတ္တရ ကိုလူဝတ်လဲဖမ်းဆီးကာ ဆက်လက်စစ်ဆေး လျက်ရှိသည်။

admin

x