ဆရာကြီး မင်းသိင်္ခရဲ့ ၀တ္ထုထဲက စနေမောင်မောင်ကို သဘာဝကျကျ ရုပ်လုံးသွင်းသရုပ်ဆောင်ပြမဲ့ နိုင်နိုင်း

မြန်မာနိုင်ငံရဲ့ ၀ါရင့်သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်ဟာ အနုပညာလောကမှာ နှစ်ပေါင်း(၁၀) နှစ်ကျော်ထိ ရပ်တည်နေတဲ့ အောင်မြင်သော မင်းသားကောင်းတစ်လက်လည်းဖြစ်ပါတယ်။ သားသမီး(၄)ယောက်နဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ နိုင်းနိုင်းဟာ ဇနီးဖြစ်သူအတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်တဲ့ပြင် နွေးထွေးတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

ယနေ့အချိန်ထိ ကြည့်ကောင်းခန့်ညားနေဆဲ မျက်နာကျ ၊ ရုပ်ရည်သွင်ပြင်နဲ့ အတူ ဘယ်အချိန်တွေထိ သရုပ်ဆောင် စွမ်းရည်တွေ မလျော့သွားတဲ့ နိုင်းနိုင်ဟာ လတ်တလောမှာတော့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားသစ်ကြီး ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခြင်းခံခဲ့ရပြီး “Golden Hour Film Production ” ထုတ်လုပ်ရေးက ရိုက်ကူးမဲ့ ရုပ်ရှင်ကတော့” ဆားပုလင်း နှင်းမောင်နဲ့ စနေမောင်မောင် “ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ရိုက်ကူးခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး မင်းသိင်္ခရဲ့ နာမည်ကြီး လူကြိုက်များလှတဲ့ ၀တ္ထုတွေဖြစ်တဲ့ ” ဆားပုလင်း နှင်းမောင်” နဲ့” စနေမောင်မောင် ” တို့ရဲ့ ၀တ္ထုတွဲ ဇာတ်ကောင်အားလုံးကို “Golden Hour Film Production ” ထုတ်လုပ်ရေးက ၀ယ်ယူခဲ့တာဖြစ်ပြီး ၀တ္ထုမှ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းမဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ” စနေမောင်မောင် ” အဖြစ် မင်းသား နိုင်နိုင်းကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းလိုက်တာလည်းဖြစ်ပါတယ်။ဒီ(၂၀၂၀) ခုနှစ်မှာ စတင်ရိုက်ကူးတော့မဲ့ ရုပ်ရှင်အတွက် ပရိသတ်အတော်အများ စိတ်ဝင်စားမှုမြင့်တက်နေပြီး ပရိသတ်ကြီးကော စနေမောင်မောင် ဇာတ်ကောင် နဲ့ နိုင်နိုင်း လိုက်ဖက်တယ်လို့ ထင်ရဲ့လား မှတ်ချက်လေးများပေးသွားပါဦးနော်…. ။

Source:Golden Hour Film Production

Facebook Comments

admin

error: Content is protected !!