ဝက်သားဒုတ်ထိုးရောင်းနေတယ်ဆိုတဲ့ အပေါ်ဖြေရှင်းလာတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဘိုကြီး

Last modified date

တချိန်တုန်းက မြန်မာဇာတ်ကားတိုင်း လိုလိုမှာ ပါဝင်တတ်တဲ့ ဇာတ်ပို့ သရုပ်ဆောင် ဘိုကြီးကိုတော့ သိကြမယ် ထင်ပါတယ်။ ဘိုကြီးကတော့ ပြီးခဲ့တဲ့ လပိုင်းလောက်တုန်းက အွန်လိုင်းပေါ်မှာ သူ ဝက်သားဒုတ်ထိုးရောင်းတဲ့ ပုံတွေ တက်လာပြီး ပရိသတ်တွေ တော်တော်များများကလည်း တကယ်ရောင်းတယ်လို့ ထင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘိုကြီးကတော့ ပြန်လည်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ဘိုကြီးကတော့ Mc နဲ့ အင်တာဗျူးတွင် ဝတ်သားဒုတ်ထိုးက တကယ်ရောင်းနေတာလားဆိုတဲ့ အပေါ်မှာတော့ “ကျနော်ခုတလော ခရီးတွေ နယ်တွေသွားတယ်။ အဲ့လိုမျိုးသွားလို့ရှိရင် ဒီပြဿနာပဲ ဖြေရှင်းနေရတယ်။ ကိုဘို ဝက်သားဒုတ်ထိုးဆိုင် ဖွင့်တာလား ဘယ်နားမှာလည်း လာအားပေးမယ်ပေါ့။ ခင်တဲ့သူတွေကိုလည်း ရှင်းပြလိုက်ပါတယ်။ သိပ်မရင်းနှီးတဲ့သူတွေကြတော့ လာခဲ့ပေါ့။

ဖြစ်စဉ်က ဒီလို နေမင်းက နောက်တာ မန်းလေးက ကိုဘို့သူငယ်ချင်းက ရန်ကုန်လာလို့ ရန်ကုန်မှာ ဝက်သားဒုတ်ထိုးစားချင်တယ်ဆိုလို့ လိုက်ပို့တာ။ ပြီးတော့ စားနေရင်း ဘီယာသောက်မယ်ဆိုတော့ ဝက်သားဒုတ်ထိုးသည်က သွားဝယ်ပေးတာ အဲ့အချိန်မှာ ကိုဘိုက နောက်ပြီးတော့ ဝက်သားဒုတ်ထိုး ဝင်လှီးလိုက်တာ။

အဲ့ဒါကို နေမင်းကလည်း လာရိုက်တာ။ ကိုယ်ကလည်း ဘီယာသောက်ထားတော့ သူမေးသမျှလည်း ကိုယ်ကလည်း နောက်ပြီး အကုန်ဖြေနေတာ။ ပြီးလည်း ပြီးရော သူက ဖေ့ဘုတ်ပေါ် တင်လိုက်တော့ ကိုယ်ကလည်း တကယ် ဝက်သားဒုတ်ထိုး ဝင်လှီးနေတော့ ပရိသတ်တွေကလည်း တကယ်ရောင်းတယ် ထင်သွားတာပေါ့။

ပရိသတ်တွေကလည်း ကိုဘိုတို့ကို ချစ်ကြတော့ ရောင်းမယ်ဆိုလည်း အားပေးချင်လို့ လိုက်မေးကြတာပေါ့နော်။ အနုပညာသမားတွေ ဖွင့်ထားတဲ့ဆိုင်ဆိုရင် ပရိသတ်တွေက အားပေးကြတယ်လေ။ ကျနော်လိုက်ရှင်းပြရတာပေါ့နော်။ အမှန်မှန်ကတော့ နေမင်းက မွှေတာပေါ့နော်”

“ဒီဗီဒီယိုလေးကို တင်လိုက်တော့လည်း ဒီလောက်ထိလည်း ပရိသတ်တွေ ကြည့်ကြမယ်လို့ မထင်ဘူးလေ။ ရှုယ် တဲ့သူအရမ်းများသွားတာပေါ့လေ။ ပြီးတော့ လက်ရှိအချိန်ကလည်း ကိုဘိုတို့လို ဇာတ်ပို့တွေအနေနဲ့ ခက်ခဲနေတဲ့ အချိန်ဆိုတော့ တကယ်ရောင်းတယ်ထင်ပြီး ပရိသတ်တွေကလည်း ဝိုင်း Share ပေးကြတာပေါ့နော်။ လာစားလို့ရအောင် Share ပေးကြတာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

Video ကြည့်ရန်

Source : nanmalgyi

admin

x