ရွှေပေါက္ကံ သက်ငယ်မုဒိမ်းမှုမှ သမီးလေး Graceရဲ့ ဘဝသစ်ပြန်စနိုင်ဖို့ မိဘတွေနဲ့တွေဆုံခဲ့တဲ့ လင်းလင်း

ရွှေပေါက်ကံမှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းမှုမှ နစ်နာသူ မိန်းကလေးကို လင်းလင်းတို့မိသားစုမှ သွားရောက်ကူညီခဲ့ပါတယ်

သိက္ခာ သမာဓိပြည့်စုံတဲ့ ဦးဇင်းတစ်ပါးနဲ့ ညီအကိုလိုရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့် ရွှေပေါက်ကံကဘကလေးလေးရဲ့ မိသားစုနဲ့တွေ့ဆုံခဲ့ပြီးပါပြီ။ ကလေးလေးအတွက် လက်ဆောင်တချို့နဲ့ လက်တလောအဆင်ပြေရေး သုံးဖို့အလှူငွေ ကူရင်းနဲ့ပါ။လအဓိက,ကတော့ ကလေးလေးရဲ့ အနာဂတ်အတွက်

နေရာထိုင်ခင်း အလုပ်အကိုင် ပတ်ဝန်းကျင်အားလုံး အသစ်ကပြန်စရေးအတွက် ဖခင်မိခင်နဲ့ ဆွေးနွေးတိုင်ပင်ပါတယ်။ ကျွန်တော်တို့မိသားစုမှ လိုအပ်တာများကို ပြင်ဆင်ထောက်ပံ့ဝန်းရံပေးသွားမှာပါ။

လက်ရှိမှာလဲ ပြည်သူများရဲ့ဝန်းရံပံ့ပိုးမှုကြောင့် လက်တလော အဆင်ပြေမှုတွေ တွေ့ရလို့ဝမ်းသာမိပါတယ်။ပြည်သူ့ခေါင်းဆောင်စစ်စစ် လူထုခေါင်းဆောင်ရဲ့ အရိပ်အောက်မှာ အားလုံးကျန်းမာကြပါစေ 🙏🏼🙏🏼🙏🏼

Facebook Comments

admin

error: Content is protected !!