အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ ညီမလေးတစ်ယောက်ကို ထုတ်ကြွားလိုက်တဲ့ စိုးပြည့်သဇင်

Last modified date

နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး စိုးပြည့်သဇင် ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေထံကို အကောင်းဆုံး ချပြပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပြီး ချစ်ရတဲ့မိသားစုတွေကိုလည်း အချိန်ပေးပြီးခရီးတွေထွက်ရင်း ဘဝခရီးကို ပျော်ပျော်ကြီးခရီးဆက်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဘဝခရီးကို ပျော်ပျော်ကြီးခရီးဆက်နေတဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း ရပ်ရပ်ရောရော လှူဒါန်းပေးလှူတတ်သူလေးတစ်ယောက်ပါ။ အရမ်းကို ကြင်နာတတ်တဲ့ စိုးပြည့်ကတော့ အားလုံးရဲ့ လေးစားမှုတွေနဲ့အတူ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း စိုးပြည့်က သူမနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ညီမလေးတစ်ယောက်ရဲ့ပုံကို ပရိသတ်တွေထံ ချပြပေးလိုက်ပါတာပဲ ဖြစ်ပါတယ်။

သူမနဲ့ ရုပ်ချင်းဆင်တူနဲ့ ညီမလေးတစ်ယောက်ရဲ့ပုံကို ထုတ်ပြပေးလိုက်တဲ့ စိုးပြည့်ကတော့ ” ကိုယ့်ညီမလေးလေ…မဆိုးပါဘူး..ကိုယ့်နီးနီးချောပါတယ်..? ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီကလေးမလေးကတော့ စိုးပြည့် ကိုယ်တိုင်ပဲ ဖြစ်ပြီး ဖုန်းမှ Snapchat Filter နဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။

ကြိုးစားမှုရဲ့ရလာဒ်ကြောင့် ထိုက်တန်တဲ့အကယ်ဒမီဆုကြီးကို ဆွတ်ခူးထားခဲ့တဲ့ စိုးပြည့်ကတော့ မကြာသေးခင်ကမှ “လူးလူးစိန်” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးပြီးစီးခဲ့တာပဲ ဖြစ်ပါတယ်။

အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ စိုးပြည့်ရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး သဘောကျနေတဲ့ စိုးပြည့်ကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source : momolay

admin

x