သက်ငယ်မုဒိမ်းကို သေဒဏ်ပေးလိုက်ရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေပိုများလာမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ ထွန်းအိန္ဒြာဗိုလ်ကတော့ ယနေ့လက်တလော မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး သူမရဲ့တစ်ဦးတည်းအမြင်ယူဆချက်တွေကို မီဒီယာတွေကနေ ပြောပြလာတာတွေ့ရပါတယ်။

သက်ငယ်မုဒိန်းမှုတွေဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ နားနဲ့မနာ ဖဝါးနဲ့နာဆိုသလို နေ့စဉ်နဲ့အမျှ ကြားသိနေရတဲ့ ရင်နင့်ဖွယ်ရာအဖြစ်အပျက်တွေပဲဖြစ်ပါတယ်။ လက်တလောမှာလည်း နေပြည်တော်မှ သမီးလေးဗစ်တိုးရီးယားအမှုဟာ ပြည်သူလူထုတွေပူးပေါင်းပြီး အမှန်တရားအတွက် ဖော်ဆောင်နေကြတဲ့ သက်ငယ်မုဒိန်းမှုပဲဖြစ်ပါတယ်။

ယခုလို သက်ငယ်မုဒိန်းမှုတွေများပြားလာတဲ့အပေါ်မှာ သက်ငယ်မုဒိန်းကျူးလွန်သူတွေကို သေဒဏ်ပေးသင့်တယ်ဆိုတဲ့ မှတ်ချက်တွေကလည်း ကပ်ပါလာခဲ့တာဖြစ်ပါတယ်။ လူမဆန်တဲ့လုပ်ရပ်အတွက် အဆုံးစွန်သောစီရင်မှုတွေကို တောင်းဆိုခဲ့ကြသော်လည်း ဒီလို သေဒဏ်ပေးမှုနောက်ကွယ်က မလိုလားအပ်ဘဲ ဖြစ်ပေါ်လာမယ့် Side Effect တွေအကြောင်းကိုလည်း ထွန်းအိန္ဒြာဗိုလ်က သူမရဲ့တစ်ဦးတည်းသောအမြင်အဖြစ် ပြောပြလာခဲ့ပါတယ်။

“သက်ငယ်မုဒိန်းမှုတွေ တော်တော်များနေတယ်ပေါ့နော် အားလုံးကလည်း ဒါကို သေဒဏ်ပေးဖို့ပဲ တောင်းဆိုနေကြတာတွေ့ရတယ်ပေါ့နော်။ အဲ့ဒါကတော့ ကျမတစ်ယောက်တည်းအမြင်ဆိုရင် သေဒဏ်ပေးလို့ရှိရင် ဖြစ်လာမယ့် Side Effect တွေကပိုများတယ်လို့ ကျမမြင်ပါတယ်။ ဒီကလေးကို Rape လုပ်သွားတာအပြင်ကို လက်စတုံးအောင်သတ်လိုက်တာလည်းဖြစ်နိုင်တယ်။ နောက်တစ်ခုက အခုဖြစ်နေတာတွေက ကိုယ့်အမျိုးအရင်းကြီးထဲမှာကိုပဲ ပြန်ပြီးတော့ Rape လုပ်တာတွေ အဖေအရင်းကလုပ်တာ၊ အကိုအရင်းကလုပ်တာ၊ ဦးလေးကလုပ်တာ ဆိုတော့ ကိုယ့်ကြောင့်မို့ ကိုယ့်အဖေက သေမိန့်ကျတဲ့ဟာမျိုးဆိုတော့ အဲ့ကလေးက တိုင်ရဲပါ့မလားဆိုတော့ အကုန်လုံးက Case တွေကမပေါ်ဘဲနဲ့ မြုံပြီးကြိတ်ခံလိုက်ရမှာဆိုတဲ့အဖြစ်မျိုးတွေလည်းဖြစ်သွားမှာပေါ့။ ဒါပြစ်မှုနဲ့ပြစ်ဒဏ် ဒါပပျောက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာသေချာ Thesis လုပ်ပြီး ပညာရှင်များ သေချာချမှတ်ဖို့လိုအပ်ပါတယ်။” လို့ သူမရဲ့တစ်ဦးတည်းအမြင်ယူဆချက်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးကရော ထွန်းအိန္ဒြာဗိုလ်ရဲ့အမြင်အပေါ်မှာ သဘောတူရဲ့လားဆိုတာကို မှတ်ချက်ပေးပြောပြခဲ့ကြပါဦးနော်။

Credit-We Love Cele

Facebook Comments

admin

error: Content is protected !!