တူမလေးတစ်ယောက်ထပ်တိုးလာလို့ အရမ်းပျော်နေတဲ့ စိုးမြတ်သူဇာ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာကို ရရှိထားခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချော စိုးမြတ်သူဇာ ဟာဆိုရင် ရိုးရိုးယဉ်ယဉ်ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မြန်မာမှု မြန်မာဟန်တွေကို ထုတ်ဖော်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုများစွာကို သိမ်းကြုံးရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ဝတ်ဆင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ မကြီးစိုးကတော့ ပွဲတွေတက်ရင် အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ(၁၄) ရက်နေ့မှာတော့ အဆိုတော် စန္ဒီမြင့်လွင် က သမီးဦးရတနာလေးကို နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ သမီးလေးက ၆ပေါင် ၇အောင်စ ရှိပြီး မိခင်ရော ကလေးပါ ကျန်းမာလျက်ရှိပါတယ်။ သမီးလေးကတော့ ဖခင်ဖြစ်သူနဲ့တူတယ်လို့ သိရပါတယ်။

မကြီးစိုးကတော့ တူမလေးတစ်ယောက်ထပ်တိုးလာလို့ အရမ်းကိုပျော်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မကြီးစိုးတို့ ရဲ့ ပုံရိပ်လေးတွေက်ုဖော်ပြပေးလိုက်ပါတယ်နော်။

Facebook Comments

admin

error: Content is protected !!