အပေါင်းအသင်းကြောင့် လမ်းမှားရောက်နေတဲ့ သမီးဖြစ်သူရဲ့အကြောင်းတွေကို ရင်နာနာနဲ့ဖွင့်ပြောလာတဲ့ ကစ်ကစ်

Last modified date

သရုပ်ဆောင် ကစ်ကစ်ကတော့ ကျန်းမာရေးချို့တဲ့မှုတွေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံနေရတာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းမှုတွေဖြစ်လာတာနဲ့ အနုပညာအလုပ်တွေလည်းရပ်နားလိုက်ရပြီး ပရိသတ်တွေနဲ့အနုပညာရှင်တွေကလည်း ကစ်ကစ် ဆေးရုံစရိတ်အတွက် ထောက်ပံ့ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။

ကစ်ကစ်ကတော့ သမီးဖြစ်သူရဲ့ အပေါင်းအသင်းကြောင့် လမ်းမှားရောက်နေခဲ့ရတာတွေကို ခုလိုပဲရင်နာနာနဲ့ ဖွင့်ပြောလာခဲ့တာဖြစ်ပါတယ်။

“သမီးကအဆာင်မှာနေတဲ့သူဖြစ်တဲ့အတွက် သမီးရဲ့ကျောက်ကပ်ကို သိန်း ၃၀ နဲ့ဝယ်မယ်လို့ ကျွန်မကစမ်းသပ်ပြီး ပြောလိုက်တယ်။ ဒါပေမဲ့သမီးနဲ့အတူနေတဲ့ သူငယ်ချင်းကနင့်ကို နင့်အမေကသတ်နေတာလို့ပြောတဲ့အပြင် သူ့ရဲ့အမေကပါ သားသမီးချင်းကိုယ်ချင်းမစာ ထပ်ပြီးတော့ကျွန်မသမီးကို နင့်ကိုနင့်အမေကသတ်နေတာဆိုပြီး ထပ်ပြီးသွေးထိုးတယ်။” လို့ ဟာသသရုပ်ဆောင် ကစ်ကစ်က အိမ်တွင်းရေးကိစ္စကို ဖွင့်ပြောလာပါတယ်။

ကစ်ကစ်ရဲ့ ရင်တွင်းခံစားချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source-အကုန်သိ

admin

x