မျက်နှာပြောင်ကာ ချစ်စဖွယ် Tik Tok ကစားထားတဲ့ ချစ်သုဝေရဲ့ Video လေး

Last modified date

ချစ်စရာသမီးလေးတွေကို ပိုင်ဆိုင်ထားရုံမကပဲ အရိပ်တကြည့်ကြည့်နဲ့ချစ်ခင်စောင့်ရှောက်ပေးနေတဲ့ ချစ်ခင်ပွန်းတို့ကြောင့် ပျော်ရွှင်နေရသူလေးကတော့ အဆိုတော် မင်းသမီးချောလေးချစ်သုဝေပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုတော် မင်းသမီးချောလေးတစ်ယောက်သာဖြစ်ရုံမကပဲ ပြည်သူလူထုကိုအကျိုးပြုစေမယ့် ဆရာဝန်မလေးတစ်ယောက်ပါ။ သူတို့မိသားစုလေးကိုတော့ ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချစ်ခင်နေရတာပါ။

သမီးနှစ်ယောက်အမေဖြစ်သော်ငြားလည်း ကလေးတစ်ယောက်လိုဖြူစင်တဲ့ မျက်နှာလေးနဲ့ နုပျိုနေတာဟာလည်း ကံကောင်းမှုများထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်လေးဟာလည်း အရွယ်နဲ့မလောက်အောင် သိတတ်လိမ္မာလွန်းတဲ့ သမီးအလိမ္မာလေးတွေပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံဟာလည်း အနာရောဂါခံစားနေရတဲ့ ကလေးတွေကိုကုသပေးရန်အတွက် ခေတ်နဲ့သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားကြတာပဲ ဖြစ်ပါတယ်။

သမီးလေးတို့မေမေကတော့ ကျန်းမာရေးနဲ့ပက်သက်တဲ့ ပွဲအခမ်းအနားများကိုလည်း တက်ရောက်လေ့ရှိတဲ့ သူတစ်ယောက်ပါ။ အခုတစ်ခေါက်မှာလည်း ကလေးပုံစံလေးနဲ့ချစ်စဖွယ် Tik Tok ကစားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူမရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Thetchuushweye

Facebook Comments

admin

x