ချင်းပြည်​နယ်​မှာ အမှန်​တကယ်​လိုအပ်​နေတဲ့ ပညာရေးအတွက်​ စာသင်​ကျောင်း(၇)ကျောင်း လှူဒါန်းခဲ့တဲ့ ဝေဠုကျော်

Last modified date

ဝေဠုကျော်ကတော့ အောင်​မြင်​နေတဲ့ သရုပ်​ဆောင်​ မင်းသားတစ်​ယောက်​ဖြစ်​ပြီး ဇာတ်​လမ်းတိုင်းရဲ့ ကာရိုက်​တာကို ပီပြင်​စွာ သရုပ်​ဆောင်​နိုင်​တာကြောင့်​ သူ့ရဲ့ ပထမ ဆုံး အကယ်​ဒမီ ဆုကို “ပင်လယ်ထက်က နေ၀န်းနီ” ရုပ်​ရှင်​ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဝေဠုကျော်က “Wai Lu Kyaw Foundation ” ဆိုတဲ့ ကိုယ်ပိုင်ပရဟိတအသင်းတည်ထောင်ကာ ပရဟိတအလုပ်တွေကို ကိုယ်တိုင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

သူကတော့ ပရဟိတအသင်းရဲ့ ဒုတိယဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်ပြီးတော့ပြည်သူတွေရဲ့ ရေဘေး၊ လေဘေးနဲ့ တခြားသဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ နေရာမှာကူညီကယ်ဆယ်ပြီး ပြန်လည် ထူထောင်ပေးနေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ဆမီးမြို့၊ဒီလောင်ကုန်းရွာလေးက မူလတန်းကျောင်းလေးကို အလှူရှင်အချို့နဲ့ အတူ ကိုယ်တိုင်ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

နောက်ထပ်လည်း အလှူတွေထပ်လုပ်သွာမယ်ဆိုတာကို “တစ်ဦးတည်း အလှူရှင်ဖြစ်တဲ့ တရုတ်နိုင်ငံ ၊မကာအိုမြို့က အလှူရှင်မိသားစုကိုလည်း ကျေးဇူးအထူးတင်လျက်ပါ။ မိုးကုန်ဆို ကျောင်းဖွင့်ပွဲလေးသွားလုပ်ရင်း ကလေးတွေအတွက် စာအုပ်ကအစ အနွေးထည်လေးတွေပါ တတ်နိုင်တာလေးတွေ ယူသွားပြီး လှူပေးပါအုံးမယ်။တောင်ပေါ်ဒေသဆိုတော့ အေးပါတယ်။အဝတ်အထည်ကလဲ ထုံးစံအတိုင်းရှားပါတယ်။အခြား အလှူရှင်တစ်ယောက်ရဲ့ အလှူငွေ (၁)သိန်းကိုလည်း ဒီကျောင်းလေးမှာ ထည့်လှူလိုက်ပါတယ်။(၂၀၁၆)ခုနှစ်မှာ ချင်းပြည်နယ်အတွက် စာသင်ကျောင်း (၆)ကျောင်း ၊ယာယီ(၁)ကျောင်း ၊ယခုနှစ်မှာ (၁)ကျောင်းစုစုပေါင်း ချင်းပြည်နယ်အတွက်(၇)ကျောင်း ဆောက်ပြီးလှူပေးဖြစ်ခဲ့ပါတယ်”လို့ ဝေဠုကျော်က လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာကို ပရိသတ်ကြီး သာဓုခေါ်လို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။

ချစ်သဲမေ @CeleGabar /Source;Wai Lu Kyaw

admin

x