ရွာမှာအလည်သွားရောက် ကျွဲကျောင်း နေတဲ့ လင်းအောင်ခေတ်

Last modified date

သရုပ်ဆောင် မင်းသား ကောင်းပြည့်ရဲ့ ညီတစ်ဝမ်းကွဲ တော်စပ်တဲ့ လင်းအောင်ခေတ် ဟာ ချောမောပြေပြစ်သောရုပ်ရည်နဲ့ ယောကျာင်္း ပီသ တဲ့ ခန္ဓာကိုယ် တို့ကြောင့်အမျိုးသမီးပရိသတ်ထုရဲ့ ဝန်းရံခြင်းကိုခံရသူဖြစ်ပါတယ်။

မကြာခဏ သူရဲ့ ပရိသတ်ပျော်ရွှင်အောင် ဟာသ Tik Tok Video လေးတွေတင်လေ့ရှိပြီး လက်ရှိ ဆိုင်ဖွင့်ပွဲများတက်ရောက်ခြင်း ၊ ကြော်ငြာရိုက်ကူးခြင်း ၊ MTV ရိုက်ကူး ခြင်းများ ပြုလုပ်နေပါတယ် ။ ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး “တခုလပ် ” ရုပ်ရှင်ကားကြီးမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

လက်ရှိ အဆိုတော် ဝိုင်ဝိုင်း ရဲ့ သီချင်းအသစ်ဖြစ်တဲ့ ” မိုးတွေရွာတုန်း ” MTV ရိုက်ကူးထားပြီးမကြာခင် မြန်မာနိုင်ငံမှာရုံတင်ပြသတော့မဲ့ Line Walker (2) ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ရင်း မြန်မာတွေ မညံ့ကြောင်း သက်သေပြခဲ့သူလည်းဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးလည်း ရွာမှာအလည်သွားရောက်ပြီး ကျွဲကျောင်းနေတဲ့ လင်းအောင်ခေတ် ရဲ့ ပုံလေးတွေကို သဘောကျတယ်ဆို မှတ်ချက်လေးတွေပေးသွားခဲ့ဦးနော် ။

source : CeleGabar

admin

x