ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာများ လှူဒါန်းခဲ့ကြတဲ့ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့ မောင်နှမ

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်နဲ့ မင်းသားချောသျှင်းမြတ်တို့ကတော့ ပရိသတ်တွေရဲ့ အသည်းကျော် အနုပညာရှင်မောင်နှမနှစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်မှုတွေ အပြည့်အဝရရှိထားကြတဲ့ သူတို့မောင်နှမနှစ်ယောက်ကတော့ အလှူအတန်းတွေကို ရက်ရက်ရောရော ပြုလုပ်လေ့ရှိကြပြီး အခုတစ်ခါမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုများ ပြုလုပ်ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

မကြာခဏလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ မေလေးနဲ့ သျှင်းမြတ်တို့ မောင်နှမဟာ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေကို လှူဒါန်းကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်နော်..။

သြဂုတ်လ(၁၂)ရက်နေ့ကပဲ မွန်ပြည်နယ်မှာ ရေဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူပရိသတ်တွေအတွက်ကျပ်(၂၀၀၀၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်တွေနဲ့ ဘီစကွတ်မုန့်တွေကို ဦးကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်နော်..။

အခုလို သွားရောက်လှူဒါန်းခဲ့ကြတဲ့ သာဓုခေါ်စရာ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ဝမ်းသာစွာ သာဓုခေါ်နိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

မင်းသမီးချောလေး မေမြင့်မိုရ်နဲ့ မင်းသားချောလေး သျှင်းမြတ်တို့ မောင်နှမရဲ့ မွန်မြတ်ကြတဲ့ အလှူလေးကိုလည်း ပရိသတ်တွေကလည်း သာဓုခေါ် ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo – မေမြင့်မိုရ်၊ သျှင်းမြတ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)

Facebook Comments

admin

error: Content is protected !!