စုဆောင်းထားတဲ့ ချွေးနည်းစာအနုပညာကြေးလေးနဲ့ သိန်း (၄၀၀) တန် ကားကြီးဝယ်လိုက်တဲ့ မေမြင့်မိုရ်

Last modified date

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်းလိုလို ပြုံးနေတဲ့ မေမြင့်မိုရ်ကို ပရိသတ်တွေက တစ်နေ့တစ်ခြား ချစ်ခင်ကြတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မေမြင့်မိုရ်က သူမရဲ့ ချွေးနည်းစာ အနုပညာကြေးလေးတွေနဲ့ သိန်း(၄၀၀) ပတ်ဝန်းကျင်ရှိ ကားသစ်ကြီးတစ်စီးကို ဝယ်လိုက်တဲ့ အကြောင်း ပြောပြလာပါတယ်။

မေမြင့်မိုရ် ဝယ်လိုက်တဲ့ Soueast ကားအသစ်ကြီးက တော်တော်လေး မိုက်တယ်နော်😱😍

မင်းသမီးချောလေး မေမြင့်မိုရ်က အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးနေပြီး အခုလက်ရှိမှာလည်း “ခေါ်င်္သ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အောင်မြင်မှုတွေများစွာ ရရှိလာတဲ့ မေမြင့်မိုရ်ကတော့ သူမရဲ့ ကားအသစ်ကြီးကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

admin