႐ု႐ွားႏိုင္ငံတကာ ယဥ္ေက်းမႈၿပိဳင္ပြဲမွာ ျမန္မာ့ဂုဏ္ေဆာင္ ေရႊတံဆိပ္ဆုရလာတဲ့ ေအာင္ေသာ္ရဲ႕သမီး ဂ်ဴးဂ်ဴးေသာ္

ၿပီးခဲ့တဲ့ ဇူလိုင္လထဲတုန္းက Russiaႏိုင္ငံ Vladivostokၿမိဳ႕Okean Center မွာက်င္းပၿပီးစီးခဲ့တဲ့ Children of The World 2019 ကို က်င္းပခဲ့ၿပီး ႏိုင္ငံေပါင္း ၂၀ ပါဝင္ယွဥ္ၿပိဳင္ခဲ့တယ္လို႔သိရပါတယ္ ။ အဲ့ဒီလို ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံကလည္း ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ အဖြဲ႔က ေရႊတံဆိပ္ဆုေတြကို ဆြတ္ခူးႏိုင္ခဲ့တယ္ ဆိုၿပီး သိရပါတယ္။ အခု သြားေရာက္ယွဥ္ၿပိဳင္တဲ့ အထဲက တစ္ေယာက္ျဖစ္တဲ့ လူရႊင္ေတာ္ ေအာင္ေသာ္ရဲ႕ သမီး ဂ်ဴးဂ်ဴးေသာ္ က ဆုရတဲ့အေပၚကခံစားခ်က္ေတြကို Cele ရပ္ကြက္နဲဲ႕အင္တာဗ်ဳးတစ္ခုမွာေျပာျပသြားပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကိုေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးသိေအာင္ ေျပာျပေပးလိုက္ပါတယ္။

အျမင့္ဆံုးေရႊသံုးဆုေပးတာ ႏွစ္ဆုရခဲ့တာ ဟိုမွာပင္ေတာ့ပင္ပန္းတယ္ မနက္ဆိုရင္ ၇နာရီေလာက္ထရတယ္ ညဆိုရင္လည္း ၉နာရီ ၁၀နာရီေက်ာ္ေလာက္မွ အိပ္ရတယ္ ။ ဟိုမွာက်ေတာ့ ေတာ္ေတာ္နဲ႔ေနမဝင္ဘူးေလ ၉နာရီေလာက္မွ ေနဝင္တာ ၈နာရီေလာက္ထိလင္းထိန္ေနတုန္းပဲ ။ ၁၀နာရီေက်ာ္ေလာက္ေပ့ါ အဲ့ဒီက်မွ အိပ္ရတယ္ ။ အတီးနဲ႔အက ၿပိဳင္တာ အတီးနဲ႔ အကနဲ႔ရတာ ။ ျမန္မာက ၿပိဳင္တာ Welcome to Myanmar ပါတယ္ ။ ဦးေရႊ႐ိုးနဲ႔ေဒၚမိုးပါတယ္ ကိုႀကီးေက်ာ္ပါတယ္ ၿပီးေတာ့ ေမာ္ဒန္ကိုဒီယိုဂရပ္ဖီရယ္ ။ အေပ်ာ္လြန္ၿပီးေမ့သြားတာ ဘာေတြရခဲ့တယ္ဆိုတာ ။

အႏုပညာနဲ႔ ပတ္သက္ၿပီးစိတ္ခံစားခ်က္ကို “ လုပ္ခ်င္တာက မ်ားေနေတာ့ ျဖစ္ခ်င္တာထက္ ျဖစ္ႏိုင္တာမ်ားေနတာေပါ့ ။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးရတာေပါ့ ။ သ႐ုပ္ေဆာင္လည္း ဝါသနာပါတယ္ ဒါေပမယ့္ ျဖစ္ခ်င္တာထက္ လုပ္တိုင္းျဖစ္မွေလ ဟုတ္တယ္မလား ။ ဘယ္ေလာက္ပဲ ဝါသနာပါပါ ဆန္းဆိုတာလည္း ႐ိွေသးတယ္ေလ အဲ့ဒါေၾကာင့္မို႔”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Unicode

ပြီးခဲ့တဲ့ ဇူလိုင်လထဲတုန်းက Russiaနိုင်ငံ Vladivostokမြို့Okean Center မှာကျင်းပပြီးစီးခဲ့တဲ့ Children of The World 2019 ကို ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့သိရပါတယ် ။ အဲ့ဒီလို ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဖွဲ့က ရွှေတံဆိပ်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့တယ် ဆိုပြီး သိရပါတယ်။ အခု သွားရောက်ယှဉ်ပြိုင်တဲ့ အထဲက တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် အောင်သော်ရဲ့ သမီး ဂျူးဂျူးသော် က ဆုရတဲ့အပေါ်ကခံစားချက်တွေကို Cele ရပ်ကွက်နဲ့အင်တာဗျုးတစ်ခုမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ပြောပြပေးလိုက်ပါတယ်။

အမြင့်ဆုံးရွှေသုံးဆုပေးတာ နှစ်ဆုရခဲ့တာ ဟိုမှာပင်တော့ပင်ပန်းတယ် မနက်ဆိုရင် ၇နာရီလောက်ထရတယ် ညဆိုရင်လည်း ၉နာရီ ၁၀နာရီကျော်လောက်မှ အိပ်ရတယ် ။ ဟိုမှာကျတော့ တော်တော်နဲ့နေမဝင်ဘူးလေ ၉နာရီလောက်မှ နေဝင်တာ ၈နာရီလောက်ထိလင်းထိန်နေတုန်းပဲ ။ ၁၀နာရီကျော်လောက်ပေ့ါ အဲ့ဒီကျမှ အိပ်ရတယ် ။ အတီးနဲ့အက ပြိုင်တာ အတီးနဲ့ အကနဲ့ရတာ ။ မြန်မာက ပြိုင်တာ Welcome to Myanmar ပါတယ် ။ ဦးရွှေရိုးနဲ့ဒေါ်မိုးပါတယ် ကိုကြီးကျော်ပါတယ် ပြီးတော့ မော်ဒန်ကိုဒီယိုဂရပ်ဖီရယ် ။ အပျော်လွန်ပြီးမေ့သွားတာ ဘာတွေရခဲ့တယ်ဆိုတာ ။

အနုပညာနဲ့ ပတ်သက်ပြီးစိတ်ခံစားချက်ကို “ လုပ်ချင်တာက များနေတော့ ဖြစ်ချင်တာထက် ဖြစ်နိုင်တာများနေတာပေါ့ ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတာပေါ့ ။ သရုပ်ဆောင်လည်း ဝါသနာပါတယ် ဒါပေမယ့် ဖြစ်ချင်တာထက် လုပ်တိုင်းဖြစ်မှလေ ဟုတ်တယ်မလား ။ ဘယ်လောက်ပဲ ဝါသနာပါပါ ဆန်းဆိုတာလည်း ရှိသေးတယ်လေ အဲ့ဒါကြောင့်မို့”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Source : nanmalgyi

Facebook Comments

admin

error: Content is protected !!