မုံရွာမှာ သိန်း(၁၀၀) ကျော် တန်ဖိုးရှိ ပစ္စည်းများခိုးခံလိုက်ရတဲ့ မေသက်ထားဆွေ

Last modified date

မြန်မာသံစဉ် သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာနာမည်ကြီးကျော်ကြားခဲ့နေတဲ့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ အဆိုတော်မလေး မေသက်ထားဆွေဟာသြဂုတ်လ( ၁၃)ရက်နေ့က မုံရွာမြို့မှာ သူမပိုင်ဆိုင်တဲ့ ဂီတသင်္ကေတ ရွှေတံဆိပ်ပြားနဲ့ အတူ လက်ဝတ်ရတနာတွေ၊ ဖုန်းတွေ အပါအ၀င် ကျပ်သိန်းပေါင်း (၁၀၀)ကျော် သူခိုးခိုးခံလိုက်ရတယ်လို့ သိရပါတယ်။ သူမ က သြဂုတ်လ(၉)ရက်နေ့မှာ မုံရွာမြို့ကို မိခင်နဲ့ အတူ ရောက်ရှိနေခဲ့တာဘဲ ဖြစ်ပါတယ်။

အဆိုပါ သတင်းအပြည့်အစုံကို “ အဆိုတော်သမီးလေးမေသက်ထားဆွေရဲ့ ဂီတသင်္ကေတနဲ့ ရွှေဆုတံ ဆိပ်ပြားလေး မုံရွာပွဲမှာပျောက်ဆုံး သွားပါတယ်။သူခိုး ခိုးသွားခြင်းပါ။ လက်ဝက်ရတနာတွေ ဖုန်းတွေ အားလုံး စုစုပေါင်း သိန်း ၁၀၀ ကျော်သူခိုး ခိုသွားပါတယ်။ ဂီတအမှတ်အသားရွှေဆွဲပြားလေးတွေ့ရင် အကြောင်းကြား ပေးကြပါရန် မေတ္တာရပ်ခံပါတယ်” လို့ ဆိုပြီး ကိုအောင်ဘုန်းခိုင် ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့် မှာ ရေးသားထားခဲ့ပါတယ်။

အဆိုတော်မလေး မေသက်ထားဆွေက ငယ်စဉ်ကတည်းက မြန်မာသံစဉ်တွေနဲ့ ရင်းနှီးသူဖြစ်ပြီး အဆိုပါမြန်မာသံစဉ်တွေနဲ့ဘဲ အောင်မြင်လာသူတစ်ဦးလဲ ဖြစ်ပါတယ်။ သူမဟာ မြန်မာသံစဉ်သီဆိုမှုတွေမှာ အောင်မြင်ခဲ့ပြီး ဂီတသင်္ကေတ ရွှေတံဆိပ်ပြား ချီးမြှင့်ခံထားရတဲ့ သူလဲ ဖြစ်ပါတယ်။ သူမဟာ ယခု၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းမှာလဲ မြန်မာစာ၊ ဇီဝဗေဒ နှစ်ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူဖြစ်ပါတယ်။

မေသက်ထားဆွေဟာ ဘုရားတည်ကျောင်းဆောက်အလှူအတန်းတွေလဲ ပြုလုပ်ခဲ့သလို၊ အလှူမင်္ဂလာ သီချင်းတွေ ၊ မြန်မာ့ဂီတသံစဉ်တွေမှာအရွယ်နဲ့မလိုက်အောင် အောင်မြင်နေသူဖြစ်တာကြောင့် တကယ့်ချီးကျူးစရာပါ။ သို့ပေမယ့် ယခုလို သိန်းရာချီတဲ့ တန်ဖိုးကြီး ပစ္စည်းတွေ ခိုးယူခံလိုက်ရတာကတော့ တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ခိုးယူသွားသူကိုလဲ အမြန်ဆုံးဖမ်းမိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ဖတ်ရှု့ပေးတဲ ချစ်ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိသလို ခိုးယူသွားတဲ့ သူခိုးကိုလဲ အမြန်ဆုံးတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Credit-မိုမိုလေး

admin