ရန်ကုန်​မြို့ ဆယ်​မိုင်​ကုန်းမှလာပြီး ဂျိုင်းရွာဘက်​ခြမ်း ကားလမ်းမှာ ​နေ့စဉ်​ထမင်းဟင်းချက်​ လှူဒါန်း​နေ​သော ထူးခြားတဲ့အလှူရှင်​မိသားစု

Last modified date

မြန်မာနိုင်ငံရဲ့ အောက်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ မြေပြို၊ ရေကြီး၊ ရေမြုပ်မှုတွေကြောင့် ကျေးရွာအတော်များများ ရေဘေးကြုံတွေ့နေကြရတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာတွေအနေနဲ့ ရေဘေးကြုံတွေ့နေရတဲ့ သူတွေကိုလည်း တတ်နိုင်တဲ့ဘက်က လှူဒါန်းနေကြတာပါ။ကျုံဒိုးမြို့ ဂျိုင်းတံတား ဂျိုင်းရွာဘက်​ခြမ်းမှာလည်း လမ်း​များရေ​ကျော်​​နေတာကြောင့် ရက်​သတ္တပတ်​ခန့်​ ယာဉ်​​ကြောပိတ်​​နေပြီးတော့ ခရီးသွားပြည်​သူများ စား​ရေး​သောက်​​ရေး အခက်​အခဲမရှိရ​လေ​အောင်​ ထူးထူးခြားခြား လှူဒါန်းနေသူတစ်ဦးရှိပါတယ်။

သူတို့ မိသားစုကတော့ အလှူရှင် ဒေါ်တင်တင်လှိုင်တို့မိသားစုဖြစ်ပြီးတော့ လမ်းဘေးမှာပဲ ထမင်းဟင်းများကို ချက်ပြီး ​နေ့စဉ်​ လှူဒါန်း​ပေး​နေ​တာဖြစ်ပါတယ်။ အလှူရှင်မိသားစုဟာ ရန်​ကုန်​မြို့ ဆယ်​မိုင်​ကုန်း မှ ဖြစ်ပြီးတော့ ယ​နေ့ မွန်​ပြည်​နယ်​ ​​ရေ​ဘေးခရီးစဉ်​ သွားရင်း ​တွေ့လိုက်​ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Credit-​နေ​နော်​(မြဝတီ)

Facebook Comments

admin

error: Content is protected !!