မွန်ပြည်နယ်ရေဘေးအတွက် ဖြိုးမြတ်အောင် အလှူခံတာ သိန်း (၁၆၀) နီးပါး ရရှိ

Last modified date

Myanmar Idol Season (3) ပြိုင်​ပွဲ ကြီးရဲ့ Winner ဆုရှင်​ ဖြိုးမြတ်​​အောင်​က​တော့ ရိုးရိုး​အေး​အေး​နေထိုင်​တတ်​သူတစ်​ဦးမို့ ပရိသတ်​​တွေက အချစ်​ပို​နေကြရတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ဖြိုးမြတ်​​အောင်​က မွန်​ပြည်​နယ်​ ​ရေ​ဘေး​သင့်​​ဒေသသို့ သွား​ရောက်​လှူဒါန်းဖို့အတွက်​ အလှူခံ​နေတာ သိန်း (၁၆၀) နီးပါး ရရှိ​နေပြီလို့ လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ထိထိ​ရောက်​​ရောက်​ ကူညီနိုင်​ဖို့ ဒီလောက်ထိများတဲ့ အလှူရှင်​​တွေကို စုစည်း​ပေးနိုင်​တဲ့ ဖြိုးမြတ်​​အောင်​က​တော့ တကယ့်​ကို လူချစ်​လူခင်​ ​ပေါသူတစ်​ဦးပါပဲ​နော်​။

ချစ်ပရိသတ်တွေအတွက် မွန်​ပြည်​နယ်​​ရေ​ဘေးအတွက်​ အင်​တိုက်​အားတိုက်​ လုပ်​​ဆောင်​​နေတဲ့ အဆိုတော် ဖြိုးမြတ်​​အောင်ရဲ့​ အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဖြိုးမြတ်အောင်ကတော့ “မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း စုစုပေါင်း – (15,907,500) ကျပ်တိတိ (12.8.2019) ည (၈) နာရီ မှ (13.8.2019) နေ့လည် (၁၂) နာရီ အထိ ရရှိငွေ – (4,788,500) ကျပ် ပထမနေ့ ရရှိငွေ – (1,745,000) ကျပ် ဒုတိယနေ့ ရရှိငွေ – (6,304,500) ကျပ် တတိယနေ့ ရှိငွေ – (3,069,500) ကျပ်” ဆိုပြီး စုစုပေါင်း သိန်း (၁၅၉) သိန်းကျော် ရရှိထားတဲ့အကြောင်း ပွင့်လင်းမြင်သာစွာ လူမှုကွန်ယက်မှာ တင်ထားတာပါ။

လက်ရှိမြန်မာနိုင်ငံ မွန်ပြည်နယ်မှာ ရေဘေးသင့်ဒုက္ခကို ခံစားနေကြရတာပါ။ အခက်အခဲဖြစ်နေသူတွေ အမြောက်အများရှိနေတာကြောင့်လည်း ကယ်ဆယ်ရေးများစွာသွားရောက်နေကြတာ တွေ့ရပါတယ်။

ချစ်​ပရိသတ်​​တွေ​လည်း သုံးရက်ကျော်အတွင်းမှာ သိန်းရာကျော်အထိ အလှူခံနိုင်​ခဲ့တဲ့ြ​ဖိုးမြတ်​​အောင်ရဲ့​ ကုသိုလ်​ကို သာဓု​ခေါ်သွားကြပါဦး​နော်​။

Source : momolay

admin