လူရွှင်တော်ကြီး မန်းဝင်းရဲ့မျက်လုံးတွေ ပြန်လည်ကောင်းမွန်လာအောင် ခွဲစိတ်ကုသပေးမယ့် ရဲအောင်

အပြုံးချိုချိုနဲ့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတဲ့ မင်းသားချော အကယ်ဒမီ ရဲအောင်က ငယ်စဉ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ရာမှ အခုချိန်ထိတိုင် အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေတဲ့ မင်းသားကြီးတစ်လက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိ ကွက်တိသရုပ်ဆောင်နိုင်တဲ့ ရဲအောင်က အခုချိန်ထိတိုင် ရုပ်ရှင် ဇာတ်လမ်းတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

ရုပ်ချောသလို စိတ်စေတနာလည်း ကောင်းမွန်တဲ့ မင်းသားချောရဲအောင်က လူရွှင်တော်၊ ဟာသသရုပ်ဆောင်ကြီး မန်းဝင်းအတွက် မျက်လုံးခွဲစိတ်ကုသပေးတော့မယ်လို့ သိရပါတယ်။

လူရွှင်တော်ကြီး မန်းဝင်းအတွက် ရဲအောင်က မျက်စိခွဲစိတ်ကုသပေးဖို့ အစစအရာရာ ကူညီခဲ့တာကြောင့် “grand hantha ဆေးရုံကြီးမှာ အကယ်ဒမီကိုရဲအောင်၏ အကူအညီဖြင့် မျက်စိခွဲစိပ်ရန် မျက်စိအထူးကုဆရာဝန်ကြီးဖြင့် ပြသ။ စိတ်ရောလူရော အပင်ပန်းခံကူညီပေးပါသော အကယ်ဒမီကိုရဲအောင်ကိုလဲ အထူးပဲကျေးဇူးတင်ရှိပါတယ်။” ဆိုပြီး မန်းဝင်းက ကျေးဇူးတင်စကားဆိုထားပါတယ်။

လူရွှင်တော်ကြီး မန်းဝင်းက ကျောက်ကပ်ရောဂါဝေဒနာကို အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် ခံစားနေရတာဖြစ်ပြီး ထိုကျောက်ကပ်ရောဂါကြောင့် အခြားသောနောက်ဆက်တွဲ ဝေဒနာတွေ ခံစားနေရတာ ဖြစ်ပါတယ်။

မန်းဝင်းကတော့ ရဲအောင်ရဲ့ အကူအညီနဲ့ မျက်လုံးတွေ ပြန်လည်ကောင်းမွန်တော့မှာမို့ တော်တော်လေး ဝမ်းသာနေပုံပဲနော်။ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးတဲ့ မင်းသားကြီး ရဲအောင်လည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

SOURCE : momolay

Facebook Comments

admin

error: Content is protected !!