အဒေါ်ဖြစ်သူစိုးမြတ်သူဇာရဲ့ Mobile Legends Profile ပုံလေးကိုဆေးထိုးလိုက်တဲ့ တူလေးမြတ်သောမောင်

Last modified date

အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေထဲတွင် စိုးမြတ်နန္ဒာလည်းတစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့တာပဲဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုတွေပါ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒါဒါရဲ့ မြန်မာဆန်တဲ့အလှတွေကြောင့် ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတာလည်း ဖြစ်ပါတယ်။

သူမဟာ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို သိပ်လုပ်တာမတွေ့တော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါဒါဟာ စိုးညီအစ်မများနဲ့အတူ မင်းသမီး ပိုးထည်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒါဒါရဲ့ သားလေးမြတ်သောမောင်ကတော့ သူ့ရဲ့ အဒေါ်ဖြစ်သူကို ပုံရိပ်လေးတစ်ပုံနဲ့ ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကတော့ Mobile Legends ထဲက မကြီးစိုးရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ ဒီပုံရိပ်လေးကိုတော့ မေမေစိုးမြတ်နန္ဒာက သူမရဲ့ Instagram မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ သူတို့တူအရီးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်စကြ နောက်ကြနဲ့ သိပ်ကိုကြည်နူးစရာကောင်းတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Soe Myat Nandar

admin