ပရဟိတလုပ်ရင်း မော်လမြိုင်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြတဲ့ ဝေဠုကျော်နဲ့ အေးဝတ်ရည်သောင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေလျက် ရှိပါတယ်။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက အခုဆိုရင် ရေကြီးရေလျှံမှုနဲ့ လွတ်ကင်းသွားပြီ ဖြစ်ပေမယ့် ပြည်လင်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေရလျက် ရှိပါတယ်။

ပရဟိတ မင်းသား ဝေဠုကျော်ကလည်း ရေကြီးမှုစတင်ဖြစ်ပွားစဉ်ကတည်းက မော်လမြိုင်နဲ့ ရေးမြို့တွေမှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝေဠုကျော်က မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှုတွေ လာရောက်ပြုလုပ်တဲ့ မင်းသမီးချော အေးဝတ်ရည်သောင်းနဲ့ မော်လမြိုင်မြို့မှာ အမှတ်မထင် ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကလည်း မော်လမြိုင်က ရေဘေးသင့်ပြည်သူတွေကို လိုအပ်တာတွေ ကူညီလုပ်ဆောင်ပေးဖို့အတွက် သူမရဲ့ ဖခင်နဲ့အတူတူ ဒီကနေ့ပဲ မော်လမြိုင်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ပရဟိတမောင်နှမ နှစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်နဲ့ အေးဝတ်ရည်သောင်းကတော့ ပြည်သူတွေအတွက် စွမ်းစွမ်းတမံ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝေဠုကျော်နဲ့ အေးဝတ်ရည်သောင်းအတွက် အားပေးစကားလေးပြောပေးခဲ့ကြပါဦးနော်။

Rowena
Source:Wai Lu Kyaw Foundation

Facebook Comments

admin

error: Content is protected !!