တရားကို နတ်စောင့်သွားတဲ့ စတုတ္ထရုံးချိန်းက စိတ်ဝင်စားဖွယ်အကြောင်းကို ပြောပြလာတဲ့ သက္ကမိုးညို

စတုတ္တရုံးချိန်း

စတုတ္တရုံးချိန်းမှာ ကလေး ဖခင်နဲ့ အဘွားကို စစ်ဆေးဖို့ ရည်ရွယ်ထားပေးမယ့် ကလေးဖခင်တယောက်နဲ့ပဲ အချိန်တွေ ကုန်သွားခဲ့ပါတယ်။ ဒီတော့ ရှည်လျားတဲ့ စစ်မေးခြင်း၊ အဖြစ်အပျက်တွေထဲက သိသင့်တာကိုပဲ ထုတ်ရေးပါ့မယ်။

၁- အရင်တုန်းက မီးမီးလေးက အောင်ကြီးကို မီးမီးဖင်ဖုကို ဆိတ်တာ သူပါပဲ ဆိုတဲ့ ဖိုင်ရှိပါတယ်။ ဒီဖိုင်ရှိကြောင်း စီအိုင်ဒီ စ၀င်တဲ့နေ့(၃.၆.၁၉)မှာပဲ ပြောခဲ့ဘူးပါတယ်လို့ ကလေး ဖခင်က ထွက်ဆိုပါတယ်။ ဒါပေမယ့် စစ်ဆေးသူ ရဲမှူးက ဒီလိုအိမ်မှာ မေးတာက သက်သေမ၀င်ဘူးဆိုပြီး အဲဒီအချိန်က သမီးပြတဲ့ ဖိုင်ကို မယူခဲ့ပါ။ ဒါပေမယ့် အောင်ကြီးကို နောက်တကြိမ် တရားစွဲကာနီး ၃.၇.၁၉ မှ သူတို့ သက်သေမယူဘူးဆိုတဲ့ဖိုင်ကို ယူသွားပါတယ်။ (နောက်မှာ အကျယ်ပြောပါ့မယ်)စီအိုင်ဒီ စစ်မေးသူတွေက အောင်ကြီးက မျိုးမအောင်ဘူး၊ ဒီအန်အေ မတူဘူး၊ အဲဒီအထဲ ၀င်သွားပေမယ့် ထိုင်နေတာ၊ ဖြူဖြူကြီး မြင်နေရတယ် စသဖြင့် အောင်ကြီး မဖြစ်နိုင်ကြောင်း သမီးအဖေကို ပြောခဲ့တယ် ဆိုပါတယ်။

၂- နောက် အောင်ကြီး ၀င်သွားတာကို သမီးလေး ပြတဲ့ဖိုင်က ဒီဖိုင်လားဆိုပြီး ဖိုင်ကို ထည့်ထားတဲ့ သက်သေခံ တင်သွင်းတဲ့ DVD ကို ပြပြီးမေးပါတယ်။ ကလေးအဖေက သက်သေခံ စာရွက်မှာ လက်မှတ် ထိုးပေးလိုက်ပေမယ့် DVD ပေးလိုက်တာ မဟုတ်ဘူး။ ဖိုင်ကိုတော့ ဇာပြာနဲ့ ကူးယူသွားတာ၊ DVD နဲ့ မဟုတ်လို့ ဖြေပါတယ်။ ဒီတော့ သက်သေခံ တင်သွင်းတဲ့ DVD ဟာ သက်သေ မ၀င်သလို ဖြစ်နေပါတော့တယ်။

၃- စစ်မေးရင်း သမီးလေး မနက်ပိုင်းမှာ ကျောင်းဝတ်စုံဝတ်ထားတာကို ဓာတ်ပုံရိုက်ယူထားတယ် ဆိုတဲ့နေရာရောက်တော့ သမီးလေး ရိုက်ထားတဲ့ ပုံကို သိမ်းထားတဲ့ ဖုန်းကို မေးပါတယ်။ ဖုန်းက အပြင်မှာ ထားခဲ့ရတာဆိုတော့ ယူခိုင်းရင်း အချိန်က ၁၂.၄၅ ရောက်နေတာနဲ့ ရုံးစစ်မေးတာကို ၁နာရီအထိ ၁၅မိနစ် နားပါတယ်။ နားပြီး ပြန်ရောက်တော့ ဖုန်းကို ပြရင်း သမီးလေးက အောင်ကြီးကို ပြတဲ့ ဖိုင်ပါတယ်ဆိုတာ့ ဒီဖုန်းကိုပါ သက်သေခံ တင်သွင်းဖို့ ဥပဒေအရာရှိက လျောက်ထားပါတယ်။ တရားရုံးက လက်ခံပါတယ်

၎- ဒါပေမယ့် သက်သေခံ သွင်းတဲ့ ဖုန်းထဲမှာ သမီးလေးက အောင်ကြီးကို ပြတဲ့ ဖိုင် တခု အပြင် အခြားသော ဖိုင်၂ခု ပါနေပါတယ်။ ဒီဖိုင်တွေကို တရားရုံးကနေ ဖွင့်ပေးဖို့ သမီးလေး ဖခင်က လျောက်ထားတော့ တရားလို၊ တရားခံ ရှေ့နေတွေ ဖွင့်နားထောင်ကြပါတယ်။ သမီးလေးရဲ့ ဖိုင်နှစ်ခုက ကိုကိုညီညီ၊ အောင်ကြီးတို့ ပုံတွေကို ပြပြီး မိသားစုက မေးထားတဲ့ အချိန်မှာ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေပါ။

၅- ပြန်လှန်စစ်မေးခြင်း စတင်တော့ မစုဒါလီကနေ ဒီ ပါသွားတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ (သူတို့က ကျောင်းကို သမီးနဲ့ လာဆော့တာ) လို့လည်း ပြောခဲ့ပါတယ်။ ဓာတ်ပုံတွေ အများကြီး စီပြီးတော့ ရွေးထုတ်ပေးပါ ပြောတဲ့အခါ ကိုကိုနဲ့ ညီညီပုံ၊ နှစ်ယောက်တွဲပုံကိုရော ပြပြီး (ဒီကိုကို နှစ်ယောက် လုပ်တာလေ) လို့ သမီးက ပြပါတယ်။ ဆရာမ ပုံကိုပြတဲ့အခါမှာ (ဒါက တီချယ် နှင်းနု) လို့လည်း ပြောနိုင်ပါတယ်။ ဒီကိုကိုတွေက ဘာလုပ်လဲ မေးတော့ လက်နဲ့ဆိတ်တာ၊ ဘာကိုဆိတ်တာလဲ၊ ဖင်ဖုကိုလို့ ပြောပါတယ်။

မီးမီးကို အနိုင်ကျင့်သူတွေကို ချဖို့ ဘဘတို့ ရန်ကုန်ကလာတာ၊ ဘယ်သူတွေ သမီးကို အနိုင်ကျင့်သလဲ ဆိုတော့ ဒီနှစ်ယောက်ဆိုပြီး ကိုကိုညီညီကို ပြပါတယ်။ ဆရာမကို ပါပြီး သူပါလားဆိုတော့ ပါတယ် ပြောပါတယ်။ တီချယ် နှင်းနုက ဘယ်လို ပါတာလဲ ဆိုတော့ ဆူတာလေ၊ ဘယ်သူ့ကို ဆူတာလဲ ဆိုတာ့ သူတို့ကို (ကိုကိုညီညီကိုပြပြီး) ပြောပါတယ်။ ဒါ ဗီဒီယိုပါတဲ့ စကားအကျဉ်းပါ။ပြောစရာ ရှိတာက ဒါ တဖိုင်ထဲ ရှိပါသေးတယ်။ ဒုတိယ တဖိုင်ကို မစုဒါလီ ရောပြီး မေးနေမိသလို ခံစားမိပါတယ်။ (ရုတ်တရက် မေးရတာဆိုတော့လေ)ကျန်တဲ့တဖိုင်မှာအောင်ကြီးကို လက်ညိုးထိုးပြီး သူမပါဘူးလို့ ပြတာ၊ ကလေးနှစ်ယောက် မျက်နှာကို လက်နဲ့ရိုက်၊ ခဲတံနဲ့ ထိုးတာ၊ ခြေထောက်နဲ့ ကန်ပစ်လိုက်လို့ ပြောတာတွေ ပါပါတယ်

၆- ပြောစရာ ရှိတာက ကိုယ်တွေက ဒီ ဗီဒီယိုကို ၁၃.၈.၁၉ မှာ ရိုက်တာ မဟုတ်ပါ။ အမှုနဲ့ မဆိုင်ပဲ ရှည်နေလို့ ၁၃.၈.၁၉ မှာ ဖြတ်ပစ်လိုက်တော့ အဲဒီ edit လုပ်တဲ့ ရက်စွဲမှာ ရိုက်သလို ဖြစ်သွားတာပါ။ ရိုက်ထားတာ ကြာပါပြီ။ အမယ် ပြောရရင် ဒီ ဖိုင်တွေကို ကိုယ်တွေက တင်ချင်တာ အသည်းအသန် ဖြစ်နေတာ။ ဘယ်လို တင်ရမယ် မသိ ဖြစ်နေတာ။ ဟိုတခါလို ငြင်းမှာ စိုးလို့ အကြံတွေ ထုတ်နေရတာ။

ဥပဒေ အရာရှိက အောင်ကြီးကို ပြတဲ့ ဗီဒီယိုဖိုင် သက်သေခံ မ၀င်မှာ စိုးလို့ ဖုန်းကို သက်သေခံ တင်တဲ့နေရာမှာ အလိုလို ပါသွားတာပါ။ အဲဒါပြောတာ၊ တရားကို နတ်စောင့်ပါတယ်ဆို…..

Credit-သက္ကမိုးညို

Facebook Comments

admin

error: Content is protected !!