ပိုင်တံခွန်မျက်နှာနဲ့ ရေဘေးအတွက် သိန်း(၇၀) ကျော် လာရောက်လှူဒါန်းကြတဲ့ ထိုင်းပရိသတ်များ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေသလို အနုပညာရှင်များကလည်း သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီနေကြတာ ဖြစ်ပါတယ်။

မင်းသားချောပိုင်တံခွန်ရဲ့ ထိုင်းနိုင်ငံက ပရိသတ်တွေကလည်း မြန်မာနိုင်ငံရဲ့ ရေဘေးဒုက္ခအတွက် တော်တော်လေး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေနဲ့ မြန်မာပရိသတ်တွေ စုပေါင်းပြီး မွန်ပြည်နယ် ကျိုက်မျော်မြို့ မယ်သရိုရက်ကွက်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေက စုပေါင်းပြီး အလှူခံကြရာ (ထိုင်းဘတ်(၁၄၀,၀၀၀) ) မြန်မာငွေ (၇,၀၀၀,၀၀၀) တိတိအထိ ဝိုင်းဝန်းလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းခဲ့ကြတဲ့ ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်များ

ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေကတော့ ပိုင်တံခွန်ကို ချစ်တာနဲ့ပဲ ပိုင်တံခွန်ရဲ့ မွေးရပ်မြေကြီးအတွက် တက်နိုင်သလောက်လေး ကိုယ်တိုင်လာရောက် လှူဒါန်းကြတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်လည်း သူ့ပရိသတ်တွေရဲ့ မွန်မြတ်လှတဲ့ လုပ်ရပ်ကြောင့် ပီတိဖြစ်နေလိမ့်မယ် ထင်ပါတယ်။

Credit-မိုမိုလေး

Facebook Comments

admin

error: Content is protected !!