သူမကိုယ်တိုင် အပြင်းအထန် ခံစားလိုက်ရတဲ့ ဆင်တုပ်ကွေးအကြောင်း ဝေမျှလိုက်တဲ့ မေသက်ခိုင်😨

Last modified date

သွက်လက်တဲ့ အမူအယာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေသက်ခိုင်ကတော့ ထူးခြားပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်ရော၊ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေသက်ခိုင်က သူမကိုယ်တိုင် ခံစားနေရတဲ့ ဆင်တုပ်ကွေးအကြောင်း ဗဟုသုတအနေနဲ့ ပရိသတ်တွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ဆင်တုပ်ကွေးရောဂါကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့တဲ့ မေသက်ခိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေသက်ခိုင်ကတော့ “ဆင်တုပ်ကွေး စာနည်းနည်းရှည်ပါမယ် မေကြီးက ၅ ကြိမ်လောက်မူးလဲလို့ ဘာဖြစ်မှန်းမသိ ဆေးရုံတင်လိုက်ရပါတယ် ၆ လတစ်ခါ medical check-up လည်းလုပ်ထားတော့ ဘာရောဂါမှလည်းထွေထွေထူးထူးမရှိပါခြေဆစ်တွေ လက်ဆစ်တွေယောင်ပြီးလှုပ်မရတော့တာ လက်ဆစ်တွေဖောင်းပြီးကြီးလာတာ အထိမခံနိုင်အောင်နာတာ လက်ကဘာမှကိုင်မရတာ ခြေထောက်တွေယောင်တာပါ ဆင်တုပ်ကွေး / သွေးလေးဖက်နာနဲ့ဆင်တူပေမဲ့ လေးဖက်နာပိုးစစ်ထားပြီးသားမှာလည်းမရှိ ထပ်စစ်တော့လည်းမတွေ့ပါ ခေါင်းအစခြေအဆုံးရောဂါရှာပေမဲ့ ဘာမှလည်းဖြစ်မနေပါ ဆေးရုံ ၅ ရက်လောက်တက်ရပြီး နည်းနည်းသက်သာလာတော့ အိမ်ပြန်ရောက်ပါပြီ မေကြီး ဆေးရုံကဆင်းပြီး ၃ ရက်အကြာ ကိုယ့်ရဲ့အခြေအနေက စလာပါတော့တယ်

ပထမတစ်ရက်မှာ ညနေပိုင်းလောက်ကစပြီး လက်တွေကိုက်တယ် ရင်ဘတ်ရိုးကတအားအောင့်တယ် ခေါင်းလည်းဘယ်နဲ့ညာလှည့်မရ ဘာဖြစ်မှန်းလည်းမသိ နေလို့မကောင်းတာတော့သေချာနေတော့ ဆေးသောက်ပြီးစောစောအိပ်မယ်ဆိုပြီးအိပ်တာလည်း လုံးဝအိပ်မပျော် ည 3:30 လောက်မှာလုံးဝကိုမခံနိုင်အောင် ကိုက်ခဲလာတယ် အမှတ်မထင်လက်ကိုကြည့်လိုက်တော့ လက်မှာအနီစက်တွေပေါ်နေပြီ ဘဝမှာတစ်ခါမှ ဒီလောက်ညှင်ညှင်သာသာလေးတွေမလုပ်ဖူးဘူး အိပ်ယာထဲကထဖို့အရေး ရင်ဘတ်ရိုးကနာတော့ တည့်တည့်ထလို့မရ ဘေးလေးကိုစောင်း လက်ကောက်ဝတ်ကနာတော့ ဖြည်းဖြည်းချင်းတစ်ဆင့်ချင်းထောက်လူကလဲမကျအောင် နံရံတွေဘီဒိုတွေကိုပဲလက်နဲ့ထိန်းပြီး မေကြီး အခန်းကိုတံခါးသွားခေါက် မေကြီး သမီးနေလို့မကောင်းတော့ဘူးဆိုပြီးလက်ကအနီစက်တွေကိုပါပြပြီး အမေ့အခန်းမှာအိပ် အဲ့အချိန်ထဲကအုန်းရည်နဲ့ ensure ပဲသောက်ရတော့တာ ဒုတိယနေ့ကျတော့ အမေ့ရဲ့ fb ကဆေးနည်းတွေလာပါပြီ သင်္ဘောရွက်ပြုတ်ပြီးသောက်ရင်ချက်ခြင်းသက်သာတယ်ဆိုပြီး တစ်ခွက်ယူလာပေးတယ် အရွက်ပြုတ်ရည်ဆိုကတည်းက ခါးမယ်တော့သိပါတယ် အဲ့လောက်ဆိုးမယ်တော့မထင်မိဘူး

အမေ က ပြောလိုက်သေးတယ် သမီးမရပ်ပဲတစ်ခါထဲမော့ပြီးသောက်လိုက် မနားနဲ့နော် လိမ္မာတယ် တဲ့ အမလေးးးးးးးးး ခါးချက် ဆေးသောက်လိုက် အိပ်ပျော်လိုက် နဲ့ပဲချာချာလည်နေတယ် သုံးရက်မြောက်နေ့ကျတော့ ခေါင်းမကိုက်တော့ဘူး ခေါင်းဘယ်ညာလှည့်လို့လည်း အရင်နေ့တွေကထက်အဆင်နည်းနည်းပြေလာပြီ ၄ ရက်မြောက်နေ့ကျတော့ လှုပ်ကိုမလှုပ်နိုင်တော့တာ မတ်တပ်ရပ်ရင်တောင်ခြေဖဝါးနဲ့ ခြေကျင်းဝတ်က တအားနာတယ် လက်တွေကလည်းဘာမှမကိုင်နိုင်တော့ဘူးရေသောက်မဲ့ရေခွက်တောင် လက်ကလေးနှစ်ဖက်နဲ့ ရိုရိုသေသေဖြေးဖြေးလေးကိုင်ရတဲ့ဘဝရောက်သွားတယ် လျှာတွေလည်းကွဲတယ် ပါးစပ်ထဲမှာထွက်တဲ့ အပူတွေက ၆ ခုလောက်တစ်ပြိုင်ထဲထွက်တော့ အစားလည်းမစားချင် လှုပ်လည်းမလှုပ်နိုင်အနေအထားပါ ဒီလိုနဲ့ပဲ ၆ ရက်မြောက်တဲ့နေ့မှာ အနီစက်တွေရော အနီအကွက်တွေရော မြင်မကောင်းအောင်ထွက်လာပါတော့တယ်

အသားအရောင်ကအစမဲသွားပြီး နာတဲ့ကိုက်တဲ့နေရာတိုင်းအနီအကွက်တွေလိုဖြစ်ပါတယ် ဘဝမှာ တစ်ခါတော့အသားမဲဖူးသွားသလိုကိုအရောင်ပြောင်းတာပါ ၇ ရက်မြောက်နေ့မှာပိုဆိုးလာပါတယ် ဒူးဆစ်တွေနာ ခြေဖဝါးတွေဖောင်းယောင် အဆိုးဆုံးအခြေအနေပါပဲ ၈ ရက်မြောက်နေ့မှာတော့ အနီစက်တွေက ဖြေးဖြေးချင်းပျောက်သွားပါတယ် ဒါပေမဲ့ အဲ့ဒီနေ့ကစလို့ ၁၈ ရက်မြောက်တဲ့နေ့အထိ မနက်နိုးတဲ့အချိန် ခြေဆစ် လက်ဆစ်နာပါတယ် နေ့လည်ကျအကောင်းပါ ညနေ ၆ နာရီကျော်ရင် ကိုယ်ပူပြီး ခြေတွေလက်တွေအသားကုန်ကိုက်ပါတော့တယ် အခုအချိန်အထိလည်း အရိုး အကြော ဆရာဝန်နဲ့ ဆက်ပြီးပြနေရ ဆေးထိုးနေရတုန်းပါပဲ ခြေတွေလက်တွေနာနေကိုက်နေတုန်းဆိုပေမဲ့ ညနေပိုင်းကိုယ်ပူတာပျောက်သွားပါပြီ ဆင်တုပ်ကွေးဆိုတာ မသေနိုင်တဲ့ရောဂါ ကာကွယ်ဆေးမရှိတဲ့ရောဂါပါ

ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေဆို အဲ့ဒဏ်တွေဘယ်လိုမှမခံနိုင်မှာသေချာပါတယ် အုန်းစိမ်းရည်ကို မနက်ရော ညရောသောက်ပါတယ် Ensure သောက်ပါတယ် သင်္ဘောရွက်ပြုတ်လည်း ၁ ခွက်သောက်ပါတယ်😰😰😰 ဂျင်းနဲ့ဆနွင်းနဲ့သံပုရာသီး ရော ဂျင်းနဲ့ ကြက်သွန်ဖြူရော သောက်ပါတယ် ကွမ်းရွက်ပြုတ်ရည်ကတော့ ၂ ငုံပဲသောက်ပြီး ဆက်ကိုမသောက်နိုင်ဘူး😖😖😖 အခြေအနေကအရမ်းအကောင်းကြီးမဟုတ်သေးပေမဲ့ တော်တော်အဆင်ပြေနေပါပြီ
ခြေဆစ်လက်ဆစ်တွေနာနေတာကတော့ မေကြီးရော ကိုယ်ရော ဆေးထိုး ဆေးသောက်နေရတုန်းပါပဲ ကိုယ်တိုင်ကြုံရတာမို့ ဗဟုသုတအနေနဲ့ပြောပြခြင်းပါရှင်” ဆိုပြီး ဆင်တုပ်ကွေးကြောင့် တော်တော်လေး ခံစားခဲ့ရတဲ့ သူမရဲ့အတွေ့အကြုံကို ပြောပြထားတာပါ။

ချစ်ပရိသတ်တွေလည်း ဒီမိုးရာသီမှာ ခြင်တွေ အကိုက်မခံကြဖို့နဲ့ မဖျားအောင် ဂရုစိုက်ကြဖို့ သတိပေးလိုက်ရပါတယ်နော်။

Myint Myat
Source;May Thet Khine’s Facebook

admin