သီပေါမြို့နယ် ရေဟော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသားတဦးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမခဲ့သည့် ဦးဇင်းအား စာသင်ကြားခွင့်ပိတ်

Last modified date

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ပန်းတိမ်တောင်ရပ်ကွက်၊ ရေဟော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မှ တတိယတန်းကျောင်းသားတဦးအား ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိအောင် ရိုက်နှက်ဆုံးမခဲ့သည့် ဦးဇင်းအား စာသင်ကြားခွင့် ယာယီပိတ်လိုက်ကြောင်း သိရသည်။

”ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ အားလုံးပြေလည်သွားပါပြီ။ ပြေလည်တယ်ဆိုတာ ကလေးကဆိုးတော့ ဦးဇင်းကရိုက် လိုက်တာပါ။ မိဘတွေက ဆိုးတဲ့ကလေးကို ဆုံးမတာ သဘောတူပါတယ်တဲ့။ စာသင်တဲ့ဦးဇင်းကို သင်ကြားခွင့်ခဏနားထား တာပါ။ ဒေါသအလျောက်ဆိုတော့လည်း ကလေးက ကြောက်မှာပေါ့။ နောက်တော့ ပြန်သင်ရမှာပါ။ ခဏရပ်ဆိုင်းထားတာပါ။ ရပ်ဆိုင်းတဲ့ဦးဇင်းက တရားဘာဝနာဘက်လည်း လုပ်ရဦးမယ်။ ၁ဝ တန်းလည်း ဖြေရမှာဆိုတော့ စာသင်ကြားခွင့် ယာယီပိတ်တဲ့သဘောပါပဲ”ဟု ပန်းတိမ်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစံမြင့်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ် ၁၄ ရက် နံနက်ပိုင်းက ရေဟော် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် ကျောင်းအုပ်ဆရာတော်၊ ရေဟော်ကျောင်း ထိုင်ဆရာတော်၊ သင်ကြားရေးဆရာတော် များ၊ ကျောင်းဆရာ၊ ဆရာမများ၊ သီပေါ မြို့နယ်ပညာရေးမှူး၊ ရိုက်နှက်ဆုံးမခံရ သည့် ကျောင်းသား၏မိဘများ၊ ရိုက်နှက် ဆုံးမသည့် ဦးဇင်းတို့ တွေ့ဆုံခဲ့ကြကြောင်း ၎င်းက ပြောသည်။

”ကလေးရဲ့ ကျန်းမာရေးအခြေ အနေက ကောင်းပါတယ်။ အခုတောင် ကျောင်းပြန်တက်နေပါပြီ။ ဒဏ်ရာတွေ လည်း သက်သာပါတယ်”ဟု ဦးစံမြင့်က ဆက်လက်ပြောကြားသည်။

ရေဟော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသူကျောင်းသားပေါင်း ၆ဝဝ နီးပါး စာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းတွင် သြဂုတ်လ ၁၃ ရက်က ကလေးချင်းရန်ဖြစ်သည့်ကိစ္စနှင့်ပတ်သက်၍ စာသင်ကြား ပေးသည့် ဦးဇင်းက တတိယတန်းကျောင်းသားအား မီးကြိုးဖြင့်ရိုက်နှက်ဆုံးမခဲ့ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်တွင် သတင်းများပျံ့နှံ့လျက်ရှိသည်။

ရိုက်နှက်ခံရသည့်ကလေးတွင် လည်ပင်းနေရာအပါအဝင် ကျောပြင်၊ ရင်ဘတ်တို့တွင် အညိုအမည်းစွဲ အရှိုးရာ များ ရရှိခဲ့သည်။

TCM

admin