ရှာဖွေစုဆောင်းထားတဲ့ငွေကြေးတွေနဲ့ ပြင်ဦးလွင်မှာအိမ်ဆောက်ဖို့ ခြံအကျယ်ကြီးဝယ်လိုက်တဲ့ ဆုပန်ထွာ

အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချော ဆုပန်ထွာကတော့ တစ်ခေတ်တစ်ခါကတည်းက ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဆုပန်ထွာက သားလေးတစ်ယောက်ပိုင်ဆိုင်ထားရပြီး မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆုပန်ထွာတို့မိသားစုလေးက ပြင်ဦးလွင်မှာအိမ်ဆောက်ပြီးနေထိုင်ဖို့ ခြံအကျယ်ကြီးတစ်ခြံကို ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ဝယ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။

ပေ၆၀၊ ပေ၁၂၀ရှိတဲ့ခြံကြီးကို ဝယ်ယူဖြစ်ခဲ့ပုံကိုတော့ ဆုပန်ထွာက ”ကိုယ်မိသားစုလေး ဒီခြံလေးဝယ်ဖို့တော်တော်ကြိုးစားရပါတယ်။ အသက်ကြီးလာတဲ့အခါ သားတော်မောင်နဲ့ အဖိုးကြီး၊အဖွားကြီးနှစ်ယောက် အေးအေးလူလူပြင်ဦးလွင်မှာနေချင်တာရယ် တစ်ထပ်အိမ်လှလှလေးဆောက်ဖို့ရယ်ကကိုယ့်စိတ်ကူး။ ကိုယ်ချစ်ရသောသူများကိုလည်း အသက်ကြီးလာတဲ့အခါအတူတူနေချင်လို့ လိုက်လိုက်ဝယ်ပေးရတာအမော၊ လုပ်ပေးရင်းစိတ်ကူးနဲ့ကိုယ်ကပျော်နေမိတာလေ။

ဒီနေ့ပြင်ဦးလွင်မှာ ဘယ်သူမှမသွားရဲမလာရဲကြ။ပြဿနာပေါင်းစုံဖြစ်နေလည်း ကိုယ်ကတော့အသွားမပျက် ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေ မကြောက်မလန့်လျောက်သွားပစ်လုပ်ပစ်ရတာပဲ။ တချို့သူငယ်ချင်းတွေစိတ်ပူပြီး အခုချက်ချင်းရန်ကုန်ပြန်ဆင်းတော့ဆိုတာချည်းပဲ။ စိတ်ပူပေးတဲ့သူတစ်ယောက်ချင်းဆီတိုင်းကျေးဇူးပါ။နောက်တစ်ရက်ပြင်ဦးလွင်ထပ်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ဒီတော့ဒီနေ့ပီးအောင်လုပ်မှဖြစ်မှာလေ။ Roar Roar လေးကျောင်းတက်နေရတာမို့ သူ့နားလည်းနေပေးရဦးမှာမို့။၂ရက်လောက်ထားခဲ့ရတာ၊ မနက်ကအိပ်မက်ထဲကိုယ့်မှာငိုလိုက်ရတာလေ။

အခုလည်း ခမည်းခမက်အတွက်သူတို့ခြံကြီးငွေချေစာချုပ်ချုပ်တာ ကိုယ်ကိုယ်တိုင်လုပ်ပေးရမှ။ ကိုယ်လည်းနေဖို့ဝယ်တာမို့ မြေခိုင်ခိုင်မာမာရှိဖို့ရယ်၊အိမ်ဆောက်ဖို့ဖြစ်ရယ်အဓိကပါ။ အခုတော့အားလုံးကိစ္စတွေပြီးပြီမို့စိတ်အေးရပါပြီ။ ” ဆိုပြီးပြောပြထားတာပဲ ဖြစ်ပါတယ်။ ဒီခြံကြီးကိုတော့ ဆုပန်ထွာတို့မိသားစုက ”ချစ်စံအိမ်” ခြံကြီးလို့အမည်ပေးထားပြီဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် ဆုပန်ထွာတို့မိသားစုဝယ်ယူလိုက်တဲ့ ပြင်ဦးလွင်က ခြံကြီးရဲ့ပုံလေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Supan Htwar

Facebook Comments

admin

error: Content is protected !!