ကင်ဆာ အဆင့်၎ ကိုခံစားနေရတဲ့အပြင် ညာဘက်ဦးခွံမှာ ထပ်ပေါ်လာတဲ့ကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရတဲ့ မီးမီးခဲ

နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် ကင်ဆာရောဂါဝေဒနာ ကို ခံစားနေရတဲ့ မီးမီးခဲ က သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မီးမီးခဲက သူမရဲ့ နှစ်အတော်ကြာမှ ထွက်ရှိလာတဲ့ သီချင်းအသစ်ကလေး ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတာပဲ ဖြစ်ပါတယ်။

မီးမီးခဲက လက်ရှိမှာ ရင်သားကင်ဆာ အဆင့်၎ ကို ခံစားနေရတဲ့ အပြင် နောက်ထပ် အသစ်ပေါ်လာတဲ့ ဘက်ဦးခွံ မှကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ်။

“ဒီနေ့ ဟာ ကျေးဇူးတော် ချီးမွမ်းမိတဲ့ နေ့ ပါ ၃လတခါပုံမှန် စစ်ဆေး ချိန်ကျရောက်လို့ အဖြေနားထောင်ချိန် ရင်တွေမော ခဲ့ပေမဲ့ ကောင်းမွန်တဲ့ အဖြေကို လက်ခံရရှိခဲ့ပါတယ်။၂၀၁၇ မှာ ရင်သာကင်ဆာ အဆင့် ၄ ခံစားရသူဖြစ်ပြီး ဆေးနဲ့ ထိန်းချုပ်ကုသနေစဉ်မှာပဲ ၂၀၁၉ April မှာ ကင်ဆာ အသစ်တခု ကျွန်မရဲ့ နောက်ဘက်ဦးခေါင်း နဲ့ ညာဘက်ဦးခွံ တို့ မှာ ပြန်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနေရာတွေကို ဓါတ်ရောင်ခြည်ကုသနည်းနဲ့ ကုသခဲ့ရပြီး ဒီနေ့ ဟာတော့ဖြင့် အဖြေ နားထောင်ရတဲ့နေ့ ဖြစ်ပါတယ်။”

“ခန္ဒာတခုလုံး မှာ ကောင်းတဲ့ အဖြေ ကို ရရှိ ခဲ့သလို စိတ်အပူရဆုံး ဦးခေါင်းပြသာနာမှာလဲ Healing အဖြေကို ရရှိခဲ့ပါတယ် ။အသိနောက်ကျခဲ့လို့ သေတဲ့အထိ ကျွန်မကိုယ်ထဲမှာရှိနေမယ်လို့ ဆရာဝန်တွေပြောကြပေမဲ့လဲ ကျွန်မကတော့ ကျန်းမာသူဖြစ်ကြောင်းနေ့ ရက်တိုင်းဝန်ခံအသက်ရှင်နေခဲ့ပါတယ်။စိတ်ဓါတ်ကျခဲ့မယ်ဆိုရင် ကျွန်မဟာ လောကကြီးထဲကနေ ထွက်သွားခဲ့ရတာကြာပါပြီ ဘုရားပေးတဲ့အသက်နဲ့ သူပေးတဲ့ခွန်အားကြောင့်သာ ဒီနေ့ ဒီအချိန်ထိ လူကောင်းအတိုင်းစားသောက်နေထိုင် နိုင်တာပါငြိမ်သက်ပျော်ရွှင်ခြင်းကိုလဲ နေ့ရက်တိုင်းခံစားခဲ့ရပါတယ်။”

အဆိုတော် မီးမီးခဲ ခံစားနေရတဲ့ ကင်ဆာရောဂါ က ခုဆိုရင် သက်သာပျောက်ကင်းသွားပြီး မိသားစုနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းသွားဖို့ ပြောထားပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source; the real mee mee khel

Facebook Comments

admin

error: Content is protected !!