နောင်ချို မူးယစ်ဂိတ်နှင့်ကားများအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့မှ မီးရှို့ဖျက်ဆီးပြီး ဝန်ထမ်းတွေကို ဖမ်းခေါ်သွားသည့် ဗွီဒီယိုဖိုင်

Last modified date

မြင်ရတာ စိတ် မကောင်းလိုက်တာ..ဗွီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။

(၁၅.၈.၂၀၁၉) မနက်ပိုင်းတွင် TNLA၊ AA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့မှ မီးရှို့ဖျက်ဆီးပြီး ဝန်ထမ်းတွေကို ဖမ်းခေါ်သွားသည့် ဗွီဒီယိုဖိုင်

နောင်ချို ဂုတ်တွင်းမှာ ဒီမနက် (၅) နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပါတယ် ကနဦး သတင်းအရ ရဲတစ်ယောက်နဲ့ အရပ်သားတစ်ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ် နောင်ချို မူးယစ်ရုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အပြစ်မဲ့ တဲ့ကုန်တင်ကုန်ချ ဝန်ထမ်းတစ်ဦးကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့ကြေင်းသိရပါတယ်။

မန္တလေး-မူဆယ်ကားလမ်း ပြင်ဦးလွင်မြို့အထွက် တိုးဂိတ် မူးယစ်ဆေးဝါးရှာဖွေသည့် X-Ray စက် ထားရှိသည့်နေရာနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဝန်းအတွင်းသို့ ယနေ့(သြဂုတ် ၁၅) နံနက် (၅) နာရီခန့် အချိန်က အမည်မသိ လက်နက်ကိုင်အဖွဲ့မှ လက်နက်ကြီး ဖြင့်လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

ဂုတ်တွင်း တိုးဂိတ်တာဝန်ကျ ဝန်ထမ်းများမှ ဒဏ်ရာရ သူများအား နောင်ချိုဆေးရုံသို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါသည်။ ဦးခါင်းကို သေနတ်ဒင်ဖြင့် ရိုက်ခံထားရတယ်လို့ သိရပါသည်။

တိုက်ပွဲတောက်လျှောက်ဖြစ်နေပါတယ်။ တပ်မတော်မှ တောက်လျှောက်ရှင်းလင်းရေးလုပ်နေပါတယ်။ထိတွေ့မှု့များရှိနေသည့်အတွက် အိမ်ထဲမှာဘဲနေကြဖို့ သတိပေးမှုများလည်း ရှိနေကြောင်း သိရပါသည်။

Video ကြည့်ရန်

Credit to မျိုးသက်အောင်(ပြင်ဦးလွင်)

admin