အသက်(၄၈)နှစ်ပြည့် မွေးနေ့အတွက် ရွှေတိဂုံဘုရားမှာ ဆီမီးကပ်လှူပူဇော်ခဲ့တဲ့ မကြီးစိုး ရဲ့ ဆီမီးအလှူ

စိုးမြတ်သူဇာက အခုဆိုရင် အသက် ၄၈ နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပါပြီ။ ဒီဆယ်စုနှစ်အတွင်းမှာလည်း အကယ်ဒမီဆုတွေ ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒီနေ့ဒီအချိန်ထိလည်း အနုပညာလောကမှာ အောင်မြင်မှုထိပ်ဆုံးရောက်ရှိနေတဲ့ မင်းသမီးတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

သြဂုတ်လ(၃၀)ရက်နေ့ ညနေက ရန်ကုန် ရွှေတိဂုံစေတီတော် သရုပ်ဆောင် စိုးမြတ်သူဇာ ရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆီးမီးကပ်လှူပူဇော်ခဲ့ပါတယ်။အသက်(၄၈)နှစ်ပြည့် မွေးနေ့အတွက် မကြီးစိုး ရဲ့ ဆီမီးအလှူ🙏🙏🙏 ကိုပရိသတ်တွေနဲ့အတူပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ သြဂုတ်လ (၃၁)ရက်နေ့ကတော့ ပရိသတ်တွေက အရမ်းချစ်ရပြီး ချစ်စနိုးနဲ့ မကြီး လို့ ခေါ်ကြတဲ့ သရုပ်ဆောင် စိုးမြတ်သူဇာ ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ မကြီးစိုးအတွက် ပရိသတ်ကြီးက မွေးနေ့ဆုတောင်း ပေးခဲ့အုံးနော် 😍🎂🎉💐💖🎬

Photo Source : MC

admin

x