သမီးလေးရောက်လာတော့မှာမို့ သားသားအ၀တ်တွေရှင်းနေရပြီဆိုတဲ့ သင်ဇာနွယ်ဝင်း

အိမ်ထောင်ကျပြီးနောက်မှာ အနုပညာအလုပ်တွေကို ရပ်နားပြီး မိသားစုကို အချိန်ပေးနေတဲ့သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သင်ဇာနွယ်ဝင်းကတော့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အိမ်ထောင်ရေးကံကောင်းလို့ ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်တွေထဲတစ်ယောက်အပါအ၀င်ဖြစ်တဲ့

မင်းသမီးချောသဇင်နွယ်ဝင်းကတော့ ခင်ပွန်းဖြစ်သူ ရဲ့ အချစ်တွေနဲ့ အေးချမ်းပျော်ရွှင်နေတဲ့သူမကအိမ်ထောင်သက်တမ်းမကြာသေးခင်မှာပဲ သားလေး တစ်ယောက်ရခဲ့ပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့သားလေးကလည်း ပရိသတ်တွေရဲ့ အသဲကျော်လေး ဖြစ်လို့နေပါတယ်နော်။သူမကတော့ ဒုတိယမြောက် ကိုယ်ဝန်ကိုလွယ်ထားရပြီး သမီးလေးဖြစ်နေတဲ့ အတွက်လည်း ပျော်ရွှင်နေပါသေးတယ်။

မကြာမီ မိသားစုဘ၀လေးထဲကို သမီးလေး ရောက်ရှိလာတော့မှာ ဖြစ်သည့်အတွက် သားသာလေး Peach ရဲ့ အ၀တ်အစားတွေရှင်းနေတုန်း လိုက်ရှုပ်နေတဲ့ သားသားလေးရဲ့ ပုံရိပ်လေးတွေကို “သမီးလေးရောက်မလာခင် သာသားအင်္ကျီတွေရှင်းနေတာ လာဆော့နေတဲ့ အသဲတုံးလေး Peach Lay” လို့ သူမရဲ့လူမှုကွန်ရက် စာမျက်နာမှ ဗီဒီယိုလေးတွေနဲ့အတူ ဖော်ပြထားတာကို ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

Video ကြည့်ရန်

Source: Thinzar Nwewin

admin

x