အိုက္တင္ပီျပင္လြန္းလို႔ အမုန္းခံရတာကို ေက်နပ္ေနတဲ့ စည္သူ၀င္း

စည္သူ၀င္းကေတာ့ MRTV 4မွစင္တင္ေပးလိုက္ေသာ ရုပ္သံဇာတ္လမ္းတြဲမင္းသားတစ္ဦးအျဖစ္ အနုပညာေလာကကိုစတင္ ၀င္ေရာက္လာသူျဖစ္ျပီး ပရိသတ္အခိုင္အမာရရိွထားသူလည္းျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္မ်ားကို သဘာ၀က်က် ပီျပင္စြာသရုပ္ေဆာင္မႈေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္၀န္းရံျခင္းကိုခံေနရပါတယ္။

သူကေတာ့ ” ဆံုဆည္းျခင္းမိုးတိမ္မ်ား”၊”အိပ္မက္ေက်ာ့ကြင္း”၊” ေႏြကႏာၱဦး”၊”မိုးေကာင္းကင္အိပ္မက္”စသည့္ဇာတ္လမ္းတြဲၾကီးမ်ားမွာလည္း ပရိသတ္ေတြရဲ႕ တခဲနက္ခ်စ္ခင္အားေပးမႈရရိွထားပါေသးတယ္။လတ္တေလာမွာေတာ့ ျပသေနဆဲျဖစ္တဲ့ စာေရးဆရာမၾကီး မစႏၵာ ရဲ႕နာမည္ၾကီး ၀တၳဳအား ရုပ္သံဇာတ္လမ္းတြဲအျဖစ္ ျပန္လည္ရိုက္ကူးထားတဲ့ “ႏွင္းဆီ”ရုပ္သံဇာတ္လမ္းတြဲၾကီး မွာ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

ထိုရုပ္သံဇာတ္လမ္းတြဲၾကီးမွာေတာ့ စြဲေဆာင္မႈရွိလြန္းသည့္ ကိုယ္ႏႈတ္အမူအယာမ်ားျဖင့္ ျပဳစားတတ္ျပီး မ်က္နာမ်ားသူ”တင္ေမာင္ေက်ာ္” ဟာ ပရိသတ္ေတြအတြက္ အျမင္ကပ္စရာေကာင္းေအာင္ကို သူရဲ႕ ထူးျခားတဲ့ အနုပညာစြမ္းရည္ေတြကို ခ်ျပထားပါတယ္။ သူရဲ႕ ပီျပင္လြန္းတဲ့ အိုက္တင္ေတြေၾကာင့္ ဇာတ္လမ္းတြဲထဲက “တင္ေမာင္ေက်ာ္” ကိုမုန္းေနၾကတာကို “သရုပ္ေဆာင္ ပီျပင္လို႔ အမုန္းခံရတာဘဲ ေက်နပ္တယ္” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားပါတယ္။ ပရိသတ္ၾကီးေရာ ” တင္ေမာင္ေက်ာ္ ” ကို မုန္းေနၾကျပီလား။

ယူနီကုဒ္ျဖင့္ဖတ္ရန္

” အိုက်တင်ပီပြင်လွန်းလို့ အမုန်းခံရတာကို ကျေနပ်နေတဲ့ စည်သူဝင်း ”

စည်သူဝင်းကတော့ MRTV 4မှစင်တင်ပေးလိုက်သော ရုပ်သံဇာတ်လမ်းတွဲမင်းသားတစ်ဦးအဖြစ် အနုပညာလောကကိုစတင် ဝင်ရောက်လာသူဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်များကို သဘာဝကျကျ ပီပြင်စွာသရုပ်ဆောင်မှုကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းကိုခံနေရပါတယ်။

သူကတော့ ” ဆုံဆည်းခြင်းမိုးတိမ်များ”၊”အိပ်မက်ကျော့ကွင်း”၊” နွေကန္တာဦး”၊”မိုးကောင်းကင်အိပ်မက်”စသည့်ဇာတ်လမ်းတွဲကြီးများမှာလည်း ပရိသတ်တွေရဲ့ တခဲနက်ချစ်ခင်အားပေးမှုရရှိထားပါသေးတယ်။လတ်တလောမှာတော့ ပြသနေဆဲဖြစ်တဲ့ စာရေးဆရာမကြီး မစန္ဒာ ရဲ့နာမည်ကြီး ဝတ္ထုအား ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲကြီး မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ထိုရုပ်သံဇာတ်လမ်းတွဲကြီးမှာတော့ စွဲဆောင်မှုရှိလွန်းသည့် ကိုယ်နှုတ်အမူအယာများဖြင့် ပြုစားတတ်ပြီး မျက်နာများသူ”တင်မောင်ကျော်” ဟာ ပရိသတ်တွေအတွက် အမြင်ကပ်စရာကောင်းအောင်ကို သူရဲ့ ထူးခြားတဲ့ အနုပညာစွမ်းရည်တွေကို ချပြထားပါတယ်။ သူရဲ့ ပီပြင်လွန်းတဲ့ အိုက်တင်တွေကြောင့် ဇာတ်လမ်းတွဲထဲက “တင်မောင်ကျော်” ကိုမုန်းနေကြတာကို “သရုပ်ဆောင် ပီပြင်လို့ အမုန်းခံရတာဘဲ ကျေနပ်တယ်” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးရော ” တင်မောင်ကျော် ” ကို မုန်းနေကြပြီလား။

Source: Si Thu Win
DarDar-CeleGabar

Facebook Comments

admin

x