ဒဂံုဆိပ္ကမ္းက ဖေယာင္းစက္ရံု Level 4 အဆင့္မီးေလာင္ျမိဳက္လ်က္ရွိေနျပီး ေရႏွင့္ျငိမ္းသတ္မရျဖစ္ေန

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၊ စက္မႈဇုန္ (၁) ဖေယာင္းစက္႐ုံ မီးေလာင္ေနရာ Level 4 အဆင့္ရွိၿပီး ေရနဲ႔ ၿငိမ္းသက္မရတဲ့ အခက္အခဲျဖစ္ေနတယ္လို႔ ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ဓူဝံ ကို အတည္ျပဳေျပာပါတယ္။

ဒီကေန႔ စက္တင္ဘာ ၁၀ ရက္ ည ၇ နာရီ မိနစ္ ၅၀ အခ်ိန္ခန႔္က မီးေလာင္မႈျဖစ္ပြားေၾကာင္းသတင္းအရ မီးသတ္တပ္ဖြဲ႕က သြားေရာက္ၿငိမ္းသက္ရာမွာ ဂိုေဒါင္းတျခမ္းလုံးမီးေလာင္ကြၽမ္းသြားခဲ့ၿပီလို႔ သိရပါတယ္။” လက္ရွိမီးထိန္းဖို႔ ႀကိဳးစားေနပါတယ္။ ဖေယာင္းသိုေလွာင္တဲ့ စက္႐ုံဆိုေတာ့ မီးၿငိမ္းရတာခက္ပါတယ္။ ကြၽန္ေတာ္တို႔ ဓာတုေဆးရည္ေတြဖ်န္းၿပီး ၿငိမ္းသက္ရပါတယ္။ ဖေယာင္းေတြဆိုေတာ့ ေရနဲ႔ ၿငိမ္းလို႔မရဘူး။ လို႔ မီးသတ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ဓူဝံ ကိုေျပာပါတယ္။

လက္ရွိေတာ့ မီးသတ္ဌာနခ်ဳပ္က မီးသတ္ကား အစီး ၆၀၊ သေႏၶမီးသတ္တပ္ဖြဲ႕ ၊ အရံမီးသတ္တပ္ဖြဲ႕က မီးသတ္ကားေတြနဲ႔ လူအင္အား ရာေက်ာ္နဲ႔ ၿငိမ္းသတ္ေနရတယ္လို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္ထိ မီးထိန္းႏိုင္ဖို႔ ႀကိဳးစားေနရဆဲျဖစ္ၿပီး မီးေလာင္မႈ အေၾကာင္းအရင္းေတာ့ ေသခ်ာမသိရွိရေသးဘူးလို႔ မီးသတ္ဦးစီးဌာနကေျပာပါတယ္။

Unicode

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ စက်မှုဇုန် (၁) ဖယောင်းစက်ရုံ မီးလောင်နေရာ Level 4 အဆင့်ရှိပြီး ရေနဲ့ ငြိမ်းသက်မရတဲ့ အခက်အခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဓူဝံ ကို အတည်ပြုပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ မိနစ် ၅၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသက်ရာမှာ ဂိုဒေါင်းတခြမ်းလုံးမီးလောင်ကျွမ်းသွားခဲ့ပြီလို့ သိရပါတယ်။” လက်ရှိမီးထိန်းဖို့ ကြိုးစားနေပါတယ်။ ဖယောင်းသိုလှောင်တဲ့ စက်ရုံဆိုတော့ မီးငြိမ်းရတာခက်ပါတယ်။ ကျွန်တော်တို့ ဓာတုဆေးရည်တွေဖျန်းပြီး ငြိမ်းသက်ရပါတယ်။ ဖယောင်းတွေဆိုတော့ ရေနဲ့ ငြိမ်းလို့မရဘူး။ လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဓူဝံ ကိုပြောပါတယ်။

လက်ရှိတော့ မီးသတ်ဌာနချုပ်က မီးသတ်ကား အစီး ၆၀၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၊ အရံမီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေနဲ့ လူအင်အား ရာကျော်နဲ့ ငြိမ်းသတ်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ မီးထိန်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပြီး မီးလောင်မှု အကြောင်းအရင်းတော့ သေချာမသိရှိရသေးဘူးလို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။

Credit-ဓူဝံ

Facebook Comments

admin

x