ဗစ္တိုးရီးယားကို စတင္စစ္ေဆးမည့္ ၆ ႀကိမ္ေျမာက္႐ုံးခ်ိန္းတြင္ ကေလးငယ္၏ မိဘႏွစ္ပါးႏွင့္ ႏွစ္ဖက္​ေရွ႕ေနမ်ား ဝင္ေရာက္ခြင့္ရ

ဗစ္တိုးရီးယားကို စတင္စစ္ေဆးမည့္ ၆ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းတြင္ စစ္ေဆးမည့္ တရားခြင္အတြင္း ကေလးငယ္၏ မိဘႏွစ္ဦးႏွင့္ ပါဝါတင္ထားသည့္ ​ေရွ႕ေနမ်ားသာ ဝင္​ေရာက္ခြင့္ရေၾကာင္း ဗစ္တိုးရီးယားအမႈတြင္ လိုက္ပါ​ေဆာင္႐ြက္ေနသည့္ ႏွစ္ဖက္​ေရွ႕​ေနမ်ား၏ ​ေျပာဆိုမႈမ်ားအရ သိရသည္။

စက္တင္ဘာ ၁၁ ရက္​ေန႔တြင္ ​ေနျပည္ေတာ္ ဒကၡိဏသီရိ ခ႐ိုင္တရား႐ုံးတြင္ ၆ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းအျဖစ္ ႐ုံးထုတ္စစ္ေဆးျခင္းျဖစ္ၿပီး ကာယကံရွင္ျဖစ္သူ အသက္ ၃ ႏွစ္အ႐ြယ္ ဗစ္တိုးရီးယားကို Video Conferencing ျဖင့္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေနျပည္ေတာ္ရွိ ဗစ္တိုးရီးယားဟု အမည္ေပးထားသည့္ သုံးႏွစ္အ႐ြယ္ ကေလးငယ္မွာ လိင္ပိုင္းဆိုင္ရာ ထိခိုက္ခံရမႈျဖစ္ပြားခဲ့ၿပီး ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး Wisdom Hill ေက်ာင္းမွ ယာဥ္ေမာင္းျဖစ္သူ ေအာင္ႀကီး ဆိုသူအား ရဲတပ္ဖြဲ႕က ဖမ္းဆီးကာ အေရးယူထားေၾကာင္း သိရသည္။

Unicode ျဖင့္ဖတ္ရန္

ဗစ်တိုးရီးယားကို စတင်စစ်ဆေးမည့် ၆ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေးမည့် တရားခွင်အတွင်း ကလေးငယ်၏ မိဘနှစ်ဦးနှင့် ပါဝါတင်ထားသည့် ရှေ့နေများသာ ဝင်ရောက်ခွင့်ရကြောင်း ဗစ်တိုးရီးယားအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် နှစ်ဖက်ရှေ့နေများ၏ ပြောဆိုမှုများအရ သိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့တွင် နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် ၆ ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခြင်းဖြစ်ပြီး ကာယကံရှင်ဖြစ်သူ အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယားကို Video Conferencing ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် သုံးနှစ်အရွယ် ကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာ ထိခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး Wisdom Hill ကျောင်းမှ ယာဉ်မောင်းဖြစ်သူ အောင်ကြီး ဆိုသူအား ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အရေးယူထားကြောင်း သိရသည်။

Credit-EMG

Facebook Comments

admin

x