ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္သူအားအေရးယူထားၿပီး ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကးေဆာင္ရႏိုင္ဖြယ္ရွိ

ျမန္မာ့လက္ေရြးစင္အသင္း ႏွင့္ ဂ်ပန္လက္ေရြးစင္အသင္းတို႔ ပြဲစဥ္တြင္ ေဘာလုံးကြင္းထဲသို႔ ေျပး၀င္ခဲ့ေသာပရိသတ္တစ္ဦးအား မဂၤလာေတာင္ညြန္႔ရဲစခန္းက ရန္ကုန္ရဲအက္ဥပေဒျဖင့္ အေရးယူထားၿပီး ယင္းျဖစ္စဥ္အတြက္ အိမ္ရွင္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္အေနျဖင့္ ဒဏ္ေၾကး ေဒၚလာ ႏွစ္ေသာင္း(က်ပ္ သိန္း ၃၀၀) အထိ ေဆာင္ရႏိုင္ဖြယ္ရွိေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ မီဒီယာဒါရိုက္တာ ဦးေဇာ္မင္းထိုက္က ေျပာသည္။

စက္တင္ဘာလ ၁၀ရက္ ညပိုင္းက ရန္ကုန္ၿမိဳ႕၊ သု၀ဏၰေဘာလုံးကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ေသာ ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ကမၻာ့ဖလားေျခစစ္ပြဲစဥ္တြင္ ပြဲခ်ိန္ မိနစ္ ၄၀၌ ကြင္းထဲသို႔ ၀င္ေရာက္လာခဲ့ျခင္း ျဖစ္သည္။

” ကၽြန္ေတာ္တို႔က ရဲလုပ္ထုံးလုပ္နည္းအရ ထိန္းသိမ္းထားတာပဲရွိတယ္။ ကၽြန္ေတာ္တို႔မွာလည္း တိုင္ၾကားတဲ့သူရွိလာရင္ အေရးယူေပးပါမယ္။ ေလာေလာဆယ္ေတာ့ မတိုင္ၾကားေသးပါဘူးဗ်။ ကၽြန္ေတာ္တို႔က ရဲလုပ္ထုံးလုပ္နည္းနဲ႔ အေရးယူတယ္။ ထိန္းသိမ္းတယ္ ဒါပဲရွိတယ္။ တစ္ခုေတာ့ရွိတယ္။ (ပ) နံပါတ္မေပးႏိုင္ဘူး။ ပုဒ္မမေပးႏိုင္ပါဘူးဗ်။ ရန္ကုန္ရဲအက္နဲ႔ပဲ အေရးယူတယ္လို႔ သိထားပါဗ်” ဟု သဃၤန္ကၽြန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးေကာင္းႏိုင္ကေျပာသည္။

ေဘာလုံးကြင္းထဲသို႔ ၀င္ေရာက္လာသူမွာ သာေကတၿမိဳ႕နယ္တြင္ ေနထိုင္သူ အသက္ ၂၅ ႏွစ္အရြယ္ ဆန္းမင္းဦး ဆိုသူျဖစ္ေၾကာင္းသိရၿပီး ယင္းျဖစ္စဥ္ေၾကာင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ကို အာရွေဘာလုံးအဖြဲ႔ခ်ဳပ္မွ ဒဏ္ေၾကးခ်မွတ္သြားမည္ျဖစ္သည့္အျပင္ ေနာက္ပိုင္း အိမ္ကြင္းပြဲစဥ္မ်ားအတြက္လည္း အလားတူျဖစ္ရပ္မ်ဳိး ထပ္မျဖစ္ေစရန္ ျပင္းျပင္းထန္ထန္သတိေပးမႈမ်ားရွိမည္ ျဖစ္ေၾကာင္း သိရသည္။

Unicode ျဖင့္ဖတ္ရန္

မြန်မာ့လက်ရွေးစင်အသင်း နှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် ဘောလုံးကွင်းထဲသို့ ပြေးဝင်ခဲ့သောပရိသတ်တစ်ဦးအား မင်္ဂလာတောင်ညွန့်ရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူထားပြီး ယင်းဖြစ်စဉ်အတွက် အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒဏ်ကြေး ဒေါ်လာ နှစ်သောင်း(ကျပ် သိန်း ၃၀၀) အထိ ဆောင်ရနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

စက်တင်ဘာလ ၁၀ရက် ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပွဲချိန် မိနစ် ၄၀၌ ကွင်းထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းထားတာပဲရှိတယ်။ ကျွန်တော်တို့မှာလည်း တိုင်ကြားတဲ့သူရှိလာရင် အရေးယူပေးပါမယ်။ လောလောဆယ်တော့ မတိုင်ကြားသေးပါဘူးဗျ။ ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းနဲ့ အရေးယူတယ်။ ထိန်းသိမ်းတယ် ဒါပဲရှိတယ်။ တစ်ခုတော့ရှိတယ်။ (ပ) နံပါတ်မပေးနိုင်ဘူး။ ပုဒ်မမပေးနိုင်ပါဘူးဗျ။ ရန်ကုန်ရဲအက်နဲ့ပဲ အရေးယူတယ်လို့ သိထားပါဗျ” ဟု သင်္ဃန်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကောင်းနိုင်ကပြောသည်။

ဘောလုံးကွင်းထဲသို့ ဝင်ရောက်လာသူမှာ သာကေတမြို့နယ်တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် ဆန်းမင်းဦး ဆိုသူဖြစ်ကြောင်းသိရပြီး ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အာရှဘောလုံးအဖွဲ့ချုပ်မှ ဒဏ်ကြေးချမှတ်သွားမည်ဖြစ်သည့်အပြင် နောက်ပိုင်း အိမ်ကွင်းပွဲစဉ်များအတွက်လည်း အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ပြင်းပြင်းထန်ထန်သတိပေးမှုများရှိမည် ဖြစ်ကြောင်း သိရသည်။

Credit-ျပည္ျမန္မာ

Facebook Comments

admin

x