အြန္ေစာနဲ႔တူခ်င္လို႔ ဆံပင္ကိုေတာင္ အတိညႇပ္ထားတယ္ဆိုတဲ့ ေဆာင္းယြန္းစံ

အြန္ေစာနဲ႔တူတဲ့ဆုလည္း ရဖူးပါတယ္တဲ့။
ေဆာင္းယြန္းစံကေတာ့ ကိုရီးယားမင္းသမီး အြန္ေစာနဲ႔ အရမ္းကို တူခ်င္တယ္လို႔ဆိုပါတယ္။ သူမကိုယ္တိုင္ကလည္း အြန္ေစာရဲ႕ ပရိသတ္တစ္ေယာက္ပါပဲတဲ့။

သ႐ုပ္ေဆာင္ ေဆာင္းယြန္းစံ ကေတာ့ ေခတ္ငယ္တစ္ေယာက္ပီပီ ေခတ္အလိုက္ ေခတ္အႀကိဳက္ဆိုသလို ကိုရီးယားအႏုပညာရွင္ေတြကို ႐ူး႐ူးမူးမူး အားေပးသူေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ သူကေတာ့ ကမာၻေက်ာ္ ကိုရီးယားမင္းသမီးေလး Song Hye Kyo ရဲ႕ ပရိသတ္ျဖစ္ေၾကာင္းကို မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

‘’ေဆာင္းက အြန္ေစာရဲ႕ ပရိသတ္ပါ။ သူနဲ႔တူတဲ့ဆု ရထားတာျဖစ္တဲ့အတြက္ အခုေနာက္ပိုင္းမွာ ပိုၿပီးေတာ့ တူခ်င္တယ္ေပါ့ေနာ္။ အေရွ႕ဆံၿမိတ္ေလး ညႇပ္ထားတာကလည္း အြန္ေစာေၾကာင့္ ညႇပ္ျဖစ္သြားတာ။ တူခ်င္တယ္ေပါ့။ သူ႔ကို အရမ္းသေဘာက်တယ္’’ဆိုၿပီးေတာ့ စက္တင္ဘာလ ၉ ရက္ေန႔က StreetWear Attire Fashion Show ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ေဆာင္းေဟဂ်ိဳ ကိုလည္း သေဘာက်သလို ေဆာင္းေဟဂ်ိဳနဲ႔လည္း တကယ္ကို တူခ်င္တာပါလို႔ ေဆာင္းယြန္းစံ က ေျပာျပခဲ့ျပန္ပါေသးတယ္။

‘’ေဆာင္းရဲ႕ idol ပဲ အဲဒါေၾကာင့္ တကယ္တူခ်င္တဲ့အတြက္ ဆံပင္အတိေလး ညႇပ္လိုက္တာပါ။ သမီးလည္း အခုလတ္တေလာမွ အသည္းကြဲထားတာဆိုေတာ့ ပိုလွလာမယ္ထင္လို႔ေလ။ အလကားစတာပါ။ အလုပ္ကိုပဲ တကယ္ အာ႐ုံစိုက္ေတာ့မယ္။ ကိုယ့္ေမာင္ေလးေတြ၊ ညီမေလးေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနမယ္။ တစ္သက္လုံး အပ်ိဳႀကီးပဲလုပ္ေတာ့မယ္’’ လို႔ ဆက္လက္ေျပာျပလာပါတယ္။

ေဆာင္းယြန္းစံဟာ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ေရာက္ရွိေနခဲ့တာ ၾကာပါၿပီ ။ ဗီဒီယိုဇာတ္ကားေတြ ေတာ္ေတာ္မ်ားမ်ား ႐ိုက္ကူးခဲ့ရသူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူမကို ပရိသတ္ေတြပိုၿပီး သတိထားမိသြားတာကေတာ့ ၂၀၁၈ ခုႏွစ္ အကယ္ဒမီေပးပြဲမွာ ေ႐ႊႀကိဳအျဖစ္ ပါဝင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ အႏုပညာေလာကက သားသမီးေတြနဲ႔အတူ ေ႐ႊႀကိဳထဲမွာ ပါဝင္ခဲ့တဲ့ သူမကို ပရိသတ္ေတြ ပိုၿပီး သတိထားမိခဲ့တာ ျဖစ္ပါတယ္။

Unicode

အွန်စောနဲ့တူတဲ့ဆုလည်း ရဖူးပါတယ်တဲ့။
ဆောင်းယွန်းစံကတော့ ကိုရီးယားမင်းသမီး အွန်စောနဲ့ အရမ်းကို တူချင်တယ်လို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အွန်စောရဲ့ ပရိသတ်တစ်ယောက်ပါပဲတဲ့။

သရုပ်ဆောင် ဆောင်းယွန်းစံ ကတော့ ခေတ်ငယ်တစ်ယောက်ပီပီ ခေတ်အလိုက် ခေတ်အကြိုက်ဆိုသလို ကိုရီးယားအနုပညာရှင်တွေကို ရူးရူးမူးမူး အားပေးသူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူကတော့ ကမ္ဘာကျော် ကိုရီးယားမင်းသမီးလေး Song Hye Kyo ရဲ့ ပရိသတ်ဖြစ်ကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ဆောင်းက အွန်စောရဲ့ ပရိသတ်ပါ။ သူနဲ့တူတဲ့ဆု ရထားတာဖြစ်တဲ့အတွက် အခုနောက်ပိုင်းမှာ ပိုပြီးတော့ တူချင်တယ်ပေါ့နော်။ အရှေ့ဆံမြိတ်လေး ညှပ်ထားတာကလည်း အွန်စောကြောင့် ညှပ်ဖြစ်သွားတာ။ တူချင်တယ်ပေါ့။ သူ့ကို အရမ်းသဘောကျတယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့က StreetWear Attire Fashion Show ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ဆောင်းဟေဂျို ကိုလည်း သဘောကျသလို ဆောင်းဟေဂျိုနဲ့လည်း တကယ်ကို တူချင်တာပါလို့ ဆောင်းယွန်းစံ က ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ဆောင်းရဲ့ idol ပဲ အဲဒါကြောင့် တကယ်တူချင်တဲ့အတွက် ဆံပင်အတိလေး ညှပ်လိုက်တာပါ။ သမီးလည်း အခုလတ်တလောမှ အသည်းကွဲထားတာဆိုတော့ ပိုလှလာမယ်ထင်လို့လေ။ အလကားစတာပါ။ အလုပ်ကိုပဲ တကယ် အာရုံစိုက်တော့မယ်။ ကိုယ့်မောင်လေးတွေ၊ ညီမလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေမယ်။ တစ်သက်လုံး အပျိုကြီးပဲလုပ်တော့မယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။

Source : Cele Yatkwat

Facebook Comments

admin

x