သမီးလေးနေမကောင်းတော့ ကိုယ့်မှာအသက်ရှုဖို့တောင် မေ့နေတယ်ဆိုတဲ့ ခိုင်နှင်းဝေ







Unicode

နိုင်ငံကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေက သရုပ်ဆောင်တဲ့နေရာမှာ ထူးချွန်ပြီး မြန်မာဆန်တဲ့ မျက်နှာကို ပိုင်ဆိုင်ထားသူ တစ်ဦးပါ။ ခိုင်နှင်းဝေက အသက်အရွယ် တစ်ခုရောက်တဲ့အခါမှာတော့ အနုပညာလုပ်ငန်းအပြင် သူမဝါသနာပါပြီး စိတ်အားထက်သန်တဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေလျက် ရှိပါတယ်။ ခိုင်နှင်းဝေက “ခိုင်နှင်းဝေပရဟိတ လူငယ်များအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ကို ဦးစီးတည်ထောင်ထားတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက များပြားလှတဲ့ အလုပ်တာဝန်တွေကြားမှာမှ သူမရဲ့ သမီးလေး ရွှန်းရတီခိုင်ကို အချိန်ပေး ဂရုစိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်။ ဒီနေ့တော့ သူမခရီးသွားခါနီး နေမကောင်းဖြစ်တဲ့ သမီးကြောင့် အသက်တောင်ရှုဖို့ မေ့ခဲ့တဲ့အကြောင်းကို ခိုင်နှင်းဝေက အခုလိုပဲ ပြောပြထားပါတယ်။

“မနက်ဖြန်ခရီးသွားရပါမယ်ဆိုမှ သမီးက ဖျားနေတော့ သွားဖို့ စိတ်ကမဖြောင့်တော့ဘူးး နေမကောင်းတော့ အမေကို အရမ်းကပ် မျက်စိအောက်ကအပျောက်မခံ၊ အစာစားဖို့ကိုဂျီကျ၊ မနက်ကဆေးခန်းပြပြီး ဆေးတိုက်၊ အစာလေးဝင်အောင် ချော့ကျွေး၊ ပြန်အန်နဲ့ ”

“သူ့ကိုကြည့်ပြီး ကိုယ့်မှာ အသက်ရှုဖို့တောင်မေ့မေ့သွားတယ်။ အိပ်ဖို့အရေး မအေကိုအိုက်တင်တွေမျိုးစုံလုပ်ပြနေတာ။ နေမကောင်းတော့ မျက်လုံးလေး မတောက်ဘူး. ❤️ အိပ်မယ်ဆို “အိပ်ဘူး”တဲ့..”တာ့တာ” ဆို “ဘိုင့်ဘိုင့်”တဲ့.. 😘” ဆိုပြီး သမီးလေး ရွှန်းရတီခိုင်အကြောင်းကို ပြောပြလာပါတယ်။

မအိပ်ခင် မေမေခိုင်နှင်းဝေကို အမျိုးမျိုးလုပ်ပြနေတာ ချစ်စရာလေးနော်

ခိုင်နှင်းဝေကတော့ သမီးလေး ရွှန်းရတီခိုင်ကို စိတ်မချလို့ အသက်တောင် မရှုနိုင်တဲ့ မိခင်မေတ္တာကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

x