ဂိမ္းေဆာ့ေနတဲ့ေကာင္းျပည့္ကို ကေလးေလးလိုအနားကပ္ၿပီး လိုက္ခြၽဲေနတဲ့ သႏၲာဗိုလ္ရဲ႕ခ်စ္စရာဗီဒီယိုဖိုင္ေလး

သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေကာင္းျပည့္နဲ႔ မင္းသမီးေခ်ာေလး သႏၲာဗိုလ္တို႔ခ်စ္သူႏွစ္ဦးကေတာ့ ပရိသတ္ေတြအားက်ခ်စ္ခင္ရတဲ့ အႏုပညာရွင္စုံတြဲေတြထဲမွာ အပါအဝင္ ျဖစ္ပါတယ္။ အႏုပညာလမ္းေၾကာင္းထက္မွာ အတူတူေလွ်ာက္လွမ္းေနၾကတဲ့ သူတို႔စုံတြဲေလးက တစ္ေယာက္ကိုတစ္ေယာက္ သစၥာရွိရွိလက္တြဲလာခဲ့ၾကတာ ခ်စ္သူသက္တမ္း (၇) ႏွစ္ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

အခ်ိန္ေတြဘယ္လိုေျပာင္းလဲသြားေပမယ့္ ေကာင္းျပည့္နဲ႔ သႏၲာဗိုလ္တို႔ခ်စ္သူႏွစ္ဦးက အခ်စ္ေတြအျပည့္နဲ႔ လက္တြဲခိုင္ၿမဲေနၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူတို႔ခ်စ္သူႏွစ္ဦးက ပြဲအခမ္းအနားေလးေတြ အတူတက္ေရာက္ၾကသလို အႏုပညာလႈပ္ရွားမႈေတြလည္း အတူလုပ္ကိုင္ေနၾကပါတယ္။ အခုလည္း သႏၲာဗိုလ္က ေကာင္းျပည့္နဲ႔အတူ ႐ိုက္ကူးထားတဲ့ ဗီဒီယိုအသစ္ေလးကို Tik Tok မွာတင္ထားပါတယ္။

ဒီဗီဒီယိုေလးမွာေတာ့ သႏၲာဗိုလ္က ဂိမ္းေဆာ့ေနတဲ့ ေကာင္းျပည့္ဆီကေန Attention ရဖို႔ အနားနားကပ္ၿပီး ကေလးေလးလို အခြၽဲပိုေနတာ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သူတို႔ခ်စ္သူႏွစ္ဦးရဲ႕ျမင္ကြင္းေလးကေတာ့ ျမင္ရသူပရိသတ္ေတြကိုပါ အားက်ေစေလာက္ေအာင္ ၾကည္ႏူးစရာေကာင္းေနတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ေကာင္းျပည့္နဲ႔ သႏၲာဗိုလ္တို႔စုံတြဲေလးရဲ႕ Tik Tok ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Video ၾကည့္ရန္

Unicode

သရုပ်ဆောင် မင်းသားချော ကောင်းပြည့်နဲ့ မင်းသမီးချောလေး သန္တာဗိုလ်တို့ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းထက်မှာ အတူတူလျှောက်လှမ်းနေကြတဲ့ သူတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိလက်တွဲလာခဲ့ကြတာ ချစ်သူသက်တမ်း (၇) နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

အချိန်တွေဘယ်လိုပြောင်းလဲသွားပေမယ့် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ချစ်သူနှစ်ဦးက အချစ်တွေအပြည့်နဲ့ လက်တွဲခိုင်မြဲနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ချစ်သူနှစ်ဦးက ပွဲအခမ်းအနားလေးတွေ အတူတက်ရောက်ကြသလို အနုပညာလှုပ်ရှားမှုတွေလည်း အတူလုပ်ကိုင်နေကြပါတယ်။ အခုလည်း သန္တာဗိုလ်က ကောင်းပြည့်နဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုအသစ်လေးကို Tik Tok မှာတင်ထားပါတယ်။

ဒီဗီဒီယိုလေးမှာတော့ သန္တာဗိုလ်က ဂိမ်းဆော့နေတဲ့ ကောင်းပြည့်ဆီကနေ Attention ရဖို့ အနားနားကပ်ပြီး ကလေးလေးလို အချွဲပိုနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့မြင်ကွင်းလေးကတော့ မြင်ရသူပရိသတ်တွေကိုပါ အားကျစေလောက်အောင် ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲလေးရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Photo & Video Credit- Thandar Bo’s FB

Facebook Comments

admin

x