မေမေချစ်သုဝေကိတ်မုန့်ဖုတ်နေတာကို ဘေးကနေဝိုင်းကူပေးနေတဲ့ ခေတ်နဲ့သစ်




Unicode

အဆိုကောင်းရုံသာမကပဲ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေချီးကျူးနေရသူကတော့ ချစ်သုဝေပါ။ သူမဟာ ဆယ်စုနှစ်တစ်ခုတိုင်အောင် အနုပညာအလုပ်တွေကို ဝါသနာကို အရင်းခံကာကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ပါ။ ချစ်ခင်ပွန်းလင်းလင်၊ သမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။

သူတို့မိသားစုပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်ကြီးကသူတို့မိသားစုပုံရိပ်လေးတွေတိုင်းကိုအားကျနေရတာပါ ။ လင်းလင်းနဲ့ချစ်သုဝေတို့ကလည်းအနုပညာလောကမှာအောင်မြင်နေတဲ့သူတွေပီပီချစ်ဖို့ကောင်းတဲ့သမီးလေးတွေပါပိုင်ဆိုင်ထားတာကြောင့်ပြီးပြည့်စုံသောနေ့ရက်လေးတွေဖြတ်သန်းနေတာပါ ။ သမီးလေးနှစ်ယောက်ကတော့ပရိသတ်တွေသာမကအနုပညာရှင်တွေကပါဝိုင်းပြီးချစ်နေရတာပါ။

အခုတစ်ခေါက်မှာလည်း မေမေကိတ်မုန့်ဖုတ်နေတာကိုဘေးကနေ ဝိုင်းကူပြီးလုပ်ပေးနေတဲ့ ခေတ်နဲ့သစ်ရဲ့ ပုံရိပ်လေးကို ချစ်သုဝေရဲ့ Instagram လူမှုကွန်ယက်တွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် သိတတ်လိမ္မာလွန်းတဲ့ ခေတ်နဲ့သစ်ရဲ့ ပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Chit-Thu-Wai’s Instagram Account

Facebook Comments

admin

x