“နွင္းဆီေလွ” အျငိမ့္သဘင္က်င္းပဖို့ လူစံုတက္စံုတိုင္ပင္ေနၾကတဲ့ နွင္းဆီအဖြဲ့သားမ်ား

ဒါရိုက္တာ ေမာင္မ်ိဳးမင္း ဦးစီးတည္ေထာင္ထားတဲ့ “နွင္းဆီအဖြဲ့” ဟာ နာမည္ၾကီး မင္းသား၊ မင္းသမီးေတြျဖစ္တဲ့ မင္းေမာ္ကြန္း၊ ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ ထြန္းထြန္း၊ ရဲေလး၊ ဖူးစံု၊ မိုးယုစံ၊ ေမကဗ်ာ၊ မုိးျပည့္ျပည့္ေမာင္တို့နဲ့ ဖြဲ့စည္းထားတာ ျဖစ္ပါတယ္။ နွင္းဆီအဖြဲ့သားေတြက တစ္နွစ္တစ္ခါ အျငိမ့္သဘင္ က်င္းပျပီး လိုအပ္တဲ့ေနရာေဒသေတြကို ေထာက္ပံ့လွဴဒါန္းဖို့အတြက္ ရန္ပံုေငြရွာ ေဖ်ာ္ေျဖၾကတာ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း နွင္းဆီအဖြဲ့သားေတြက သဘာဝေဘးအႏၱရာယ္ ေတြ႔ၾကံဳခံစားရတဲ့ ေဒသမ်ား ျပန္လည္တည္ေထာင္ေရး ရန္ပံုေငြ ရရိွေစရန္ အတြက္ “ႏွင္းဆီေလွ” ဆိုတဲ့ အၿငိမ့္သဘင္ႀကီးကို ကျပေဖ်ာ္ေျဖသြားမွာ ျဖစ္ပါတယ္။

မေန့က စက္တင္ဘာလ (၁၂) ရက္ေန့မွာေတာ့ နွင္းဆီအဖြဲ့သားေတြက “ႏွင္းဆီေလွ” ဆိုတဲ့ အၿငိမ့္သဘင္ႀကီး အဆင္ေျပေခ်ာေမြ့စြာ က်င္းပနုိင္ဖို့ လူစံုတက္စံု တိုင္ပင္ေနၾကတာကို ေတြ့ရပါတယ္။

“ႏွင္းဆီေလွ” အၿငိမ့္သဘင္ႀကီးကို ေအာက္တိုဘာလ(၄) ရက္ေန႔မွာ ရန္ကုန္ အင္းယ်ားလိတ္ေဟာ္တယ္၌ လည္းေကာင္း၊ ေအာက္တိုဘာလ(၅) ရက္ေန႔မွာေတာ့ မနၱေလးၿမိဳ႕ အမ်ိဳးသားကဇာတ္ရံုမွာလည္းေကာင္း ႏွစ္ရက္တိတိ ကျပေဖ်ာ္ေျဖမွာ ျဖစ္ပါတယ္။

နွင္းဆီအဖြဲ့သားေတြကေတာ့ “ႏွင္းဆီေလွ” အၿငိမ့္သဘင္ႀကီးကို ေအာင္ျမင္စြာ က်င္းပနုိင္ဖို့ ေသေသခ်ာခ်ာ တုိင္ပင္ေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း “ႏွင္းဆီေလွ” အၿငိမ့္သဘင္ႀကီးကို သြားေရာက္ၾကည့္ရႈရင္း ေရေဘးသင့္ေဒသမ်ားအတြက္ တတ္နုိင္သေလာက္ ပါဝင္လွဴဒါန္းၾကရေအာင္ေနာ္။

Unicode

ဒါရိုက်တာ မောင်မျိုးမင်း ဦးစီးတည်ထောင်ထားတဲ့ “နှင်းဆီအဖွဲ့” ဟာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မိုးယုစံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေက တစ်နှစ်တစ်ခါ အငြိမ့်သဘင် ကျင်းပပြီး လိုအပ်တဲ့နေရာဒေသတွေကို ထောက်ပံ့လှူဒါန်းဖို့အတွက် ရန်ပုံငွေရှာ ဖျော်ဖြေကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နှင်းဆီအဖွဲ့သားတွေက သဘာဝဘေးအန္တရာယ် တွေ့ကြုံခံစားရတဲ့ ဒေသများ ပြန်လည်တည်ထောင်ရေး ရန်ပုံငွေ ရရှိစေရန် အတွက် “နှင်းဆီလှေ” ဆိုတဲ့ အငြိမ့်သဘင်ကြီးကို ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

မနေ့က စက်တင်ဘာလ (၁၂) ရက်နေ့မှာတော့ နှင်းဆီအဖွဲ့သားတွေက “နှင်းဆီလှေ” ဆိုတဲ့ အငြိမ့်သဘင်ကြီး အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ဖို့ လူစုံတက်စုံ တိုင်ပင်နေကြတာကို တွေ့ရပါတယ်။

“နှင်းဆီလှေ” အငြိမ့်သဘင်ကြီးကို အောက်တိုဘာလ(၄) ရက်နေ့မှာ ရန်ကုန် အင်းယျားလိတ်ဟော်တယ်၌ လည်းကောင်း၊ အောက်တိုဘာလ(၅) ရက်နေ့မှာတော့ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံမှာလည်းကောင်း နှစ်ရက်တိတိ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေကတော့ “နှင်းဆီလှေ” အငြိမ့်သဘင်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ သေသေချာချာ တိုင်ပင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “နှင်းဆီလှေ” အငြိမ့်သဘင်ကြီးကို သွားရောက်ကြည့်ရှုရင်း ရေဘေးသင့်ဒေသများအတွက် တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြရအောင်နော်။

Source: Tun Tun & နွင္းဆီရင္ခြင္’s fb

Facebook Comments

admin

x