မိမော် နဲ့ မမနှင်းကို ဖွန်လာကြောင်တဲ့သူတွေကို ကြုံးမလို သိုင်းသင်နေတယ်ဆိုတဲ့ ရှင်မွေလ






Unicode

အကယ်ဒမီ မြင့်မြတ်နဲ့ တူတယ်ဆိုပြီး ပရိသတ်တွေ သတိထားမိလာတဲ့ မင်းသားချော ရှင်မွေလကတော့ သူ့ရဲ့ကြိုးစားမှုကြောင့် အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူပဲ ဖြစ်ပါတယ်။ “ကျိန်စာပြယ်ဒဏ္ဌာရီ”၊ “ပျားရည်အိုင်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာခဲ့တာဖြစ်ပြီး နောက်ထပ် ”နှင်းဆီ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံနေရတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရှင်မွေလက သူ့ရဲ့အမိုက်စား ပုံရိပ်အချို့ကို မျှဝေထားပါတယ်။ ပရိသတ်တွေအတွက် ရှင်မွေလရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရှင်မွေလကတော့ “မိမော် နဲ့ မမနှင်း ကို ဖွန်လာကြောင်တဲ့သူတွေကို ကြုံးမလို့ “ ဇော် ” သိုင်းသင်နေပြီ 😍😍😍” တဲ့

အခု MRTV 4 ရုပ်သံလိုင်းမှာ ရှင်မွေလ ပါဝင်တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲတွေ ပြသနေတာဖြစ်ပြီး ရှင်မွေလရဲ့ ပရိသတ်တွေကတော့ သဘောကျနေကြတာ ဖြစ်ပါတယ်။

ရှင်မွေလကတော့ မမနှင်းနဲ့ မော်တို့ကို ကာကွယ်ဖို့ ကြိုးစားပန်းစား သိုင်းသင်းနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

x