ငါးမကြိုက်တဲ့သူတောင် သရေကျသွားလောက်တဲ့ ကိကိလေးရဲ့ ငါးဟင်းချက်နည်း ဗီဒီယိုလေး

Last modified date




Video ကြည့်ရန်

Source:Ki Ki

NORA:CeleGabar

(Unicode ဖြင့်ဖတ်ရန်)

ငါးမကြိုက်တဲ့သူတောင် သရေကျသွားလောက်တဲ့ ကိကိလေးရဲ့ ငါးဟင်းချက်နည်းများ

Facebook စာမျက်နှာထက်မှာ စကားအရမ်းတတ်ပြီး ချစ်စရာကောင်းတဲ့ ကလေးလေးတွေရဲ့ ဗီဒီယိုလေးတွေက ပရိသတ်တွေကြားမှာ ရေပန်း အစားဆုံးပါ။ အဲ့လို ချစ်စရာကောင်းတဲ့ ကလေးလေးတွေထဲကမှ အရွယ်နဲ့ မလိုက်အောင် စကားအရမ်းတတ်ခါ ကျွန်မ ကျွန်မလို့ ‌ပြောပြီး ဈေးရောင်းတဲ့ ကိကိရဲ့ ဗီဒီယိုလေးတွေကတော့ မြန်မာပရိသတ်တွေကြားမှာ ချစ်စရာကောင်းပြီး စကားတတ်လွန်းတဲ့သူလေး အဖြစ်နာမည်ကြီး ရေပန်းစားနေသူလေးပါ။

လက်ရှိ ကိကိလေးရဲ့ Facebookစာမျက်နှာထက်မှာဆိုရင် ကိကိလေးကို ချစ်တဲ့ အမာခံပရိသတ်တွေများစွာရဲ့ အားပေးမှုတွေကို ထားတာကိုလည်း တွေ့ရမှာပါ။ မျက်မှန်အဝိုင်းလေးနဲ့ တစ်နေ့တစ်မျိုးမရိုး‌အောင် စကားတွေ အရမ်းတတ်လွန်းတဲ့ ကိကိလေးရဲ့ ဗီဒီယိုလေးတွေကလည်း ကြည့်ရှူသူအများအပြားရှိခဲ့ပြီး ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်နေပါပြီနော်။ ယခုလည်း ချစ်စရာကောင်းတဲ့ ကိကိလေးက ထမင်း ဟင်းတွေရောင်းတိုင်း ကစားနေတဲ့ ဗီဒီယိုလေးကို မြင်တွ့ရမှာဖြစ်ပြီး အရွယ်လေးနဲ့ မလိုက်အောင် စကားတတ်လွန်းနေလို့ ပရိသတ်တွေ ရင်ထဲ ကလိကလိနဲ့ အသည်းယားကပြန်ပါပြီနော်။

ငါးသဲလဲထိုးချက်မရလို့ ဘယ်လိုမျိုးလဲ ပြန်မေးနေတဲ့ ကိကိလေးရဲ့ စူးစမ်းလေ့လာမှုအားကတော့ မသိတာကို ချက်ချင်းမေးတတ်တာကြောင့် အရမ်းကို ဉာဏ်ကောင်းလွန်းတဲ့ ကလေးလေးတစ်ယောက်ပါ။ နောက်ပြီး “ကျွန်မ ဆိုင်မှာ လက်ဝါးလောက်ရှိတဲ့ ငါးသလဲထိုးရပါတယ်”ဆိုတဲ့ ကိကိလေးရဲ့ ငါးဟင်းချက်နည်းတွေကတော့ ငါးဟင်းမကြိုက်တဲ့ ပရိသတ်ကြီးတောင် သရေကျလောက်အောင် ပြောပြတတ်တဲ့ အသည်းယားစရာကောင်းတဲ့ ကိကိလေးရဲ့ဗီဒီယိုလေးကို ကြည့်ပြီး ကိကိလေးကို အားပေးလိုက်ကြပါအုံးနော်။

Facebook Comments

admin

x