Myanmar Idol မှာ ပရိသတ်တွေဝန်းရံနေကြပြီဖြစ်တဲ့ တောင်ကြီး သူလေးချယ်ရီနန်း

Last modified date






Unicode

တစ်ကမ္ဘာလုံး အနေအထားဖြင့် အောင်မြင်နေတဲ့ Idol ရွေးချယ်ပွဲ အစီအစဉ် ဖြစ်တဲ့ Myanmar Idol Season 4 ဟာဆိုရင် မကြာခင်မှာ စတင်တော့မှာဖြစ်ပြီးတော့ လူရွေးပွဲတွေ ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒီ အစီအစဉ်ကို ပရိသတ်တွေကလည်း အင်မတန်မှ စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှု အားပေးကြတာကြောင့် ပွဲစဉ်အစကတည်းက သူတို့ဟာ ဘယ်သူ့ကိုဝန်းရံရမလဲဆိုတာ အမြဲတမ်း ရှာဖွေနေသူတွေ ဖြစ်ပါတယ်။

Season အလိုက်မှာ သူတို့ Idol တွေကို ရွေးချယ်အားပေးခဲ့ကြသလို အခုတစ်ခါ Myanmar Idol Season 4 လည်း တောင်ကြီးသူလေး ချယ်ရီနန်းကိုအခုကတည်းက အားလုံး ဝန်းရံနေကြပြီ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

သူမဟာ ဆိုရင် အ သက် ၂၁ နှစ်အရွယ် ရှိပြီးတော့ တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ Myanmar Idol Judges Audition မှာ မျက်နှာများတဲ့မောင် သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပြီး သူရဲ့အဆိုပိုင်နိုင်မှု၊ အဆိုပညာကျေညက်မှုနဲ့အတူ အသံပါဝါတွေကြောင့် ဒိုင်သုံးဦးစလုံးကအထူးသဘောကျနှစ်ခြိုက်ခဲ့ကြပြီး တော့ သုံးဦးစလုံးထံက Yes ကို ရရှိကာ Golden Ticker Winner ဖြစ်ကာ နောက်တဆင့်ကိုတက်ရောက်သွားနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ ကျော့ရှင်းမှု ၊အသံပါဝါကောင်းကောင်းနဲ့ ဆွဲဆောင်မှုတွေကြောင့် အမျိုးသားထုရဲ့ ဝိုင်းရံမှုဟာလည်း ပိုမိုမြင့်တက်လာနေတယ်လို့ သိရပါတယ် ခင်ဗျာ..။

Writer- SMT(Shwe Yaung Lan

admin

x