မြန်မာနိုင်ငံကို ဒုတိယအကြိမ် ပြန်လာစဉ်များပြားလှတဲ့ ပရိသတ်တွေကြိုဆိုတာ ခံလိုက်ရတဲ့ Sinon Loresca

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး ကြော်ငြာများစွာ ရိုက်ကူးခဲ့တဲ့ Sinon Loresca က လတ်တလောမှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ Sinon Loresca က သူ့ရဲ့ အမိုက်စား Catwalk လျှောက်နည်းတွေ၊ ဟာသဗီဒီယိုတွေကြောင့် မြန်မာပရီသတ်တွေရဲ့ ရင်းနှီးခဲ့တာတော့ ကြာပါပြီ။ Sinon Loresca မြန်မာပြည်ကို ရောက်ရှိလာချိန်မှာ မြန်မာ ပရိသတ်တွေရဲ့ နွေးထွေးကြိုဆိုမှုကြောင့် အရမ်းကို ကျေနပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာပြည်က ပြန်သွားတဲ့အချိန်မှာလည်း သူပြန်လာမယ်လို့ ပြောခဲ့တဲ့အတိုင်းပဲ မြန်မာပြည်ကို နောက်ထပ်တစ်ခေါက် ပြန်ရောက်လာပါပြီ။ ပရိသတ်ကြီးအတွက် Sinon Loresca ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Sinon Loresca က မြန်မာနိုင်ငံသားတွေက သူ့အပေါ်နွေးထွေးစွာ ဆက်ဆံလို့ မြန်မာနိုင်ငံကို ချစ်တယ်လို့ဆိုပါတယ်။ မြန်မာ နိုင်ငံ ရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း သူချစ်ကြောင်းပြောထားသလို ပရဟိတများစွာကိုလည်း လုပ်ကိုင်သူပါ။

Sinon Loresca က သူ့ကို ချစ်တဲ့ မြန်မာပရိသတ်များစွာရရှိထားသလို သူ့ရဲ့ မြန်မာ ပရိသတ်များအတွက် လက်ဆောင်လေးတွေလည်းပေးဖို့ပါလာကြောင်း သိရပါတယ်။

ခုတစ်ခေါက်မှာလည်း မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ လုပ်ပြသွားမလဲ ဆိုတာ သူ့ကိုချစ်တဲ့ ပရိသတ်တွေက စိတ်ဝင်စားနေပြီပဲ ဖြစ်ပါတယ်။

Sinon Loresca ပရိသတ်တွေ လာကြိုတဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

Sinon Loresca ရဲ့ မြန်မာနိုင်ငံကို နောက်ထပ်တစ်ခေါက်ပြန်လာစဉ် မျာပြားလှတဲ့ သူ့ရဲ့ ပရိသတ်တွေ လာကြိုတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Sinon Loresca

admin

x