ဝင်း နဲ့ ဇော် အတွက် ထိုင်းရဲတွေရဲ့ သရုပ်အမှန်ကို ဖွင့်ချလိုက်တဲ့ ဆယ်လီမလေး အနော်




Unicode

ပရိသတ်ကြီးရေ ထိုင်းနိုင်ငံမှာ ဝင်း နဲ့ ဇော် တို့ကတော့ သေဒဏ်ချမှတ်တာ ခံလိုက်ရပြီးပါပြီ ဝင်း နဲ့ ဇော် အတွက် တတ်အားသမျှ လူအား ငွေအားတွေကို မြန်မာနိုင်ငံက ပြည်သူတွေက ဝိုင်းဝန်းကူညီပေးနေကြတာပါ ထိုင်းနိုင်ငံရောက် ဆယ်လီမလေး အနော် (ခ)နော်ကြယ်စင်ကတော့ ထိုင်းရဲတွေရဲ့ မျက်နှာဖုံးကို လူမှုကွန်ရက်ပေါ်ကနေ ဖွင့်ချလိုက်ပါတယ်။

အနော်က “အပြစ်မရှိဘဲ အပြစ်ပေးတာတော့ နည်းနည်းတော့ များသွားပြီး တကယ်ပါ ထိုင်းမှာ အလုပ် လုပ်နေတဲ့ ကျမတို့မြန်မာ နိုင်ငံသားတချို့ဟာ ထိုင်းပလိပ်တွေအတွက် ပိုက်ဆံထုပ် စက်ပါ ပိုက်ဆံ လိုနေရင် ကောက်ဖမ်းလိုက်ကြတယ်လေ အဲ့ရတဲ့ပိုက်ဆံသားမယား ပြန်ကျွေး ပခုံး ပေါ်ကြည့်တော့ကြယ် လေးတပွင့် ထွီးးး ကိုယ့်ဒူး နဲ့တောင် မရှာစားနိုင်တဲ့ ထိုင်း ပလိပ်အပြစ်မရှိရင် အပြစ်ရှာတယ် မမှားရင်တောင် အမှားကို ဖန်းတီးယူတယ် ဒီမြန်မာ လုပ်သားတွေသာ ထိုင်းမှာမရှိရင် ငတ်ပြတ်သေနေကြ လောက်ပြီ တမြို့လုံး” ဆိုပြီးလူမှုကွန်ရက်ပေါ်ကနေရေးသားထားတာပါ။

ဝင်း နဲ့ ဇော် ကိစ္စမှာ ထိုင်းပြည်သူတွေတိုင် က ထိုင်းရဲတွေရဲ့ လုပ်ရပ်ကို မကျေမနပ်ဖြစ်နေကြတာပါ။ အခုလို အကျင့်ပျက်ထိုင်းရဲတွေရဲ့ မျက်နှာဖုံးကို ဖွင့်ချလိုက်တဲ့ အနော်အတွက် မှတ်ချက်ကနေ တစ်ခုခု ပြောခဲ့ကြပါဦး။

Credit-Sport News

admin

x